လူမှုကွန်ရက်စာမျက်နှာကို တွင်ကျယ်စွာအသုံးပြုလာကြတဲ့ခေတ်ကြီးထဲမှာ ဟာသ၊ ဗဟုသုတစတဲ့အမျိုးမျိုးသော အကြောင်းအရာလေးတွေကို ဖော်ပြထားတဲ့ ကိုယ်တိုင်ရိုက်ဗွီဒီယိုလေးတွေကလည်း လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ခေတ်စားလာပါတယ်။
သာမန်လူတွေသာမက အနုပညာရှင်တွေပါ ကိုယ်တိုင်ရိုက်ဗွီဒီယိုလေးတွေမျှဝေလာကြပြီးအဲ့ဒီထဲမှာတော့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးဦးရဲ့ N-H_K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ဗွီဒီယိုလေးတွေကလည်း ပရိသတ်အသိမှတ်ပြု ဝန်းရံအားပေးမှုရရှိလာတဲ့အထိ အောင်မြင်လာပါတယ်။ သူတို့ရဲ့ပေ့ချ်မှာတော့ ပရိသတ်တွေအတွက် ဟာသဗွီဒီယိုလေးတွေ အမြဲလိုလိုရိုက်ကူးမျှဝေပေးလျက်ရှိပြီး ဒီနေ့မှာတော့ စွန့်စားရတဲ့ကြိုက်တဲ့ ညီထွဋ်ခေါင်အကြောင်းကို တင်ဆက်ပေးခဲ့ပါတယ်။
မြန်မာ့ရိုးရာအစဉ်အလာနဲ့အညီ စွန့်စားတာနဲ့မစိမ်းကြတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ညီထွဋ်ခေါင်လိုမျိုး စွန့်စားရတာကြိုက်မှာ အမှန်ပါပဲနော်။ စွန့်စားလေ့ရှိကြတဲ့ မြန်မာယဉ်ကျေးမှုထုံးစံကို ဟာသလေးဖောက်ပြီး သရုပ်ဆောင်ထားတဲ့ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးရဲ့ဗွီဒီယိုလေးကို ဘဝအမောတွေပြေစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ..
Source – N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ
Rainbow- Cele Gabar