မုန့်လာပို့ပေးတဲ့ Delivery သမားတွေကို လက်ဆောင်ပေးပြီး Surprise လုပ်ခဲ့တဲ့ ဝတ်မှုံရွှေရည်

Posted on

ဝတ်မှုံရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ကာလအတော်ကြာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့အနုပညာရှင်တစ်ယောက်ပါ။ နေ့စဉ် ရှူတင်တွေဆက်နေတဲ့ ကစ်ကတော့ ဒီနေ့အားလပ်ရက်လေးမှာ ပျော်စရာအစီအစဉ်လေးတစ်ခုပြုလုပ်ပြီး ပရိသတ်ကို မျှဝေခဲ့ပါတယ်။

” ကစ် အလုပ်နားတဲ့နေ့လေးမှာ online ကနေ မုန့်တွေမှာပြီးလာပို့ပေးတဲ့ riders တွေကို surprise အနေနဲ့ လက်ဆောင်လေးတွေ ပြန်ပေးဖြစ်တယ်။ နောက်ပြီး မှာထားတဲ့မုန့်တွေကို လိုအပ်တဲ့နေရာလေးတွေမှာလည်း ပြန်လှူပေးဖြစ်ပါတယ်။ Riders တွေအားလုံး ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်” ဆိုတဲ့စာသားလေးနဲ့အတူ ဒီနေ့အစီအစဉ်လေးကို ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။

နိစ္စဒူဝ ကားတွေကြားမှာ လိုရာခရီးကို အချိန်မီရောက်ဖို့ စက်ဘီးနဲ့ မုန့်ပို့နေရတဲ့ Rider လေးတွေအတွက် ကစ်ကတော့ အရေးပေါ် ဆေးအိတ်၊ နှာခေါင်းစည်း၊ ရေဘူးနဲ့ ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ပို့စကတ်လေးတွေကို Surprise လက်ဆောင်လေးအနေနဲ့ ပေးခဲ့ပါတယ်။ ဒါ့အပြင် ဝယ်ထားတဲ့မုန့်တွေကိုလည်း အလှူပြန်လုပ်ပေးခဲ့တဲ့ ကစ်ရဲ့ ဒီနေ့တစ်နေ့တာ ပျော်စရာဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Wutt Hmone Shwe Yi
Rainbow- Cele Gabar