ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် အနုပညာနယ်ပယ်စုံမှာ ထူးချွန်သူမိုးသိုလေးကတော့ အမာခံပရိသတ်အင်အားတောင့်တင်းသူတစ်ယောက်ပါ။ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူလေးမို့လည်း ပရိသတ်တွေက ကလေးလေးတစ်ယောက်ကို ချစ်သလိုမျိုး တိုးတိုးပြီး အချစ်ပိုနေရတာပါ။
ပြိုင်ပွဲပြီးကတည်းက ကျောင်းတစ်ဖက်နဲ့ မအားလပ်တဲ့မိုးသိုလေးကတော့ ဖျော်ဖြေပွဲတွေလည်း ဆက်တိုက်သွားနေရတဲ့အပြင် ပရိသတ်တွေနားဆင်ဖို့ Cover Song လေးတွေလည်း မကြာခဏဆိုသလိုသီဆို မျှဝေပေးနေသူပါ။ ဒါ့အပြင် မအားလပ်တဲ့ကြားက ပရိသတ်တွေအတွက် ကိုယ်ပိုင်သီချင်းလေးတွေ ချပြနိုင်ဖို့ ကြိုးစားနေသူဖြစ်ပြီး မနေ့ကတော့ မိုးသိုလေးရဲ့ ဒုတိယမြောက် Single Song လေးဖြစ်တဲ့ ” နော် ” သီချင်းလေးထွက်ရှိခဲ့ပါတယ်။
ပထမတစ်ပုဒ် ” လွမ်းနေလို့ ” သီချင်းလေးကတော့ အဆွမ်းသီချင်းလေးဖြစ်ပြီး ဒုတိယတစ်ပုဒ်ဖြစ်တဲ့ ” နော်” သီချင်းလေးကတော့ မြူးမြူးကြွကြွလေးကိုမှ နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ မနေ့ညကတော့ ဒီသီချင်းအသစ်လေးအတွက် အမာခံပရိသတ် Raindrops လေးတွေက မိုးသိုအတွက် Surprise လက်ဆောင်လေးပေးခဲ့ပါတယ်။ ဂုဏ်ပြုပန်းစည်း၊ ကိတ်၊ ကျောက်စီပန်းချီကားနဲ့ ၊ ပိုက်ဆံ Box လေးကို ဂုဏ်ပြုလက်ဆောင်ပေးခဲ့ပြီး Raindrops လေးတွေကြောင့် ပျော်ခဲ့ကြောင်း မိုးသိုရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
Source – Aye Mya Phyu
Rainbow- Cele Gabar