အောင်ထက်ရဲ့မွေးနေ့လေးမှာ သတိတရနဲ့မွေးနေ့ဆုမွန်ကောင်းတောင်းလာတဲ့ ကေကေမိုး

Posted on

အိမ်မက်ဆုံရာပြိုင်ပွဲကနေစပြီး ပရိသတ်တွေချစ်ရတဲ့ အဆိုတော်အောင်ထက်ကတော့ ပရိသတ်တွေရဲ့အရှေ့ကိုရောက်လာတာ နှစ်တွေကြာခဲ့ပါပြီ။ အောင်ထက်ကတော့ သီချင်းအယ်လ်ဘမ်ခွေတွေလည်း ထွက်ရှိအောင်မြင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ အဆိုတော်အောင်ထက်ရဲ့မွေးနေ့ရက်မြတ်လေးပါ။


သူ့ရဲ့မွေးနေ့လေးမှာတော့ဖေ့ဘွတ်ခ်မှာ ဂစ်တာတစ်လက်ကိုင်ထားတဲ့ပုံလေးနဲ့အတူ “Happy Birthday to me” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ မွေးနေ့လေးမှာတော့ ပရိသတ်တွေကဝိုင်းပြီးတော့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသလို အဆိုတော်ကေကေမိုးကလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Happy Birthday ပါချစ်ကိုကြီးAung Htet မွေးနေ့မှာပျော်ရွှင်ပါစေ ခင်မင်မှုအတိုင်းတာလည်းဆယ်စုနှစ်တောင်ပြည့်ခဲ့ကြပီ ဒီလိုလေးပျော်ပျော်ရွှင်ရွှင်ဆက်နေသွားကြမယ် အတူတူဆက်ပီးတော့လဲကြိုးစားကြမယ် လူပျိုကြီးဘဝကလဲမြန်မြန်ကျွတ်ပါစေရှင့်” ဆိုပြီးတော့ အရင်ကပုံလေးတွေနဲ့အတူ ရေးသားထားပါသေးတယ်။


အောင်ထက်ကတော့ အနုပညာအလုပ်တွေကိုလုပ်နေသလို ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားသူပါ။ လက်ရှိမှာလည်း အနုပညာအသစ်တွေဖန်တီးနေတဲ့အောင်ထက်ကတော့ ဒီနေ့မှာမွေးနေ့လေးကျရောက်ခဲ့ပါပြီ။ အဆိုတော်အောင်ထက်တစ်ယောက် ဂီတလောကမှာ ပရိသတ်တွေအချစ်နဲ့အတူ အောင်မြင်တဲ့အဆိုတော်အဖြစ်ထာဝရရပ်တည်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : AungHtet