ဝါဆိုသင်္ကန်းကပ်ခြင်းအပါအဝင် ပြုခဲ့တဲ့ကောင်းမှုကုသိုလ်တွေကို ပရိသတ်တွေကို မျှဝေလာတဲ့ မုဏ်း

Posted on

မင်းသမီးချောလေးမုဏ်းကတော့ ပရိသတ်တွေရင်းနှီးပြီးသား ရုပ်သံမင်းသမီးတွေထဲကတစ်ယောက်ပါ။ “Happy Beach” ရုပ်သံဇာတ်လမ်းတွဲထဲမှာပရိသတ်တွေစတင်အားပေးလာခဲ့ရတဲ့မင်းသမီးလေးကတော့ “အဆိပ်သွေး” ဇာတ်လမ်းတွဲထဲမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကို ပရိသတ်တွေ သတိထားမိခဲ့ကြမှာပါ။


မုဏ်းကတော့ မြန်မာဆန်ပြီးရိုးရှင်းတဲ့အလှပိုင်ရှင်လေးဖြစ်သလို အလှူအတန်းပြုဖို့လည်း လက်မနှေးသူပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မုဏ်းရဲ့တစ်ဦးတည်းသောညီမလေးရဲ့ မွေးနေ့အလှူဒါနအဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ ဝါဆိုဆွမ်းဆက်ကပ်ခြင်း၊ စာသင်သံဃာများအတွက် လိုအပ်သောစာရေးကိရိယာများကပ်လှူခြင်း၊ သံဃာကုန်နဝကမ္မအလှူငွေကပ်လှူခြင်းတို့ကို ပြုလုပ်ဖြစ်ပါတယ်။ ထိုကုသိုလ်ကောင်းမှုအစုစုတို့ကို သိခြင်း၊ ကြားခြင်းဖြင့် ကုသိုလ်ထပ်တူထပ်မျှရစေလိုခြင်းအလို့ငှာ မျှဝေပေးပါတယ်နော်။” ဆိုပြီးတော့ ပရိသတ်တွေကို ရေးသားမျှဝေထားပါတယ်။


ပရိသတ်တွေကတော့ ညီမလေးအတွက်ပြုလုပ်ပေးတဲ့မွေးနေ့အလှူလေးနဲ့ပတ်သက်ပြီး ကြည်နူးမှုတွေကူးစက်ခံစားရတာလည်း ဖြစ်ပါတယ်။ မုဏ်းကတော့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်အချစ်တွေကိုရယူထားနိုင်သလို အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေသူတစ်ယောက်ပါ။ မုဏ်းရဲ့ပရိသတ်တွေရှိလားနော်…
Source : Mone – မုဏ်း