လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ အဘဦးတင်မြင့်ရဲ့အင်တာဗျူးကတော့ ကြည့်မိသူတိုင်းကို စိတ်မကောင်းဖြစ်စေမှာ အမှန်ပါပဲ။ လူကြမ်းမင်းသားအဖြစ် အချိန်အတော်ကြာရပ်တည်ခဲ့တဲ့ ဦးတင်မြင့်ကတော့ လေဖြတ်ပြီးနောက်ပိုင်းမှာ အနုပညာလောကက ပျောက်ကွယ်ခဲ့ပြီး ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရပါတယ်။
ပြည်သူချစ်အနုပညာရှင်တွေထဲမှာမှ ခက်ခဲကြမ်းတမ်းစွာ ဘဝကို ရုန်းကန်နေရတဲ့ ဇာတ်ပို့ဇာတ်ရံလူတန်းစာအလွှာအတွက် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ရတာမို့ အခုဆိုရင် အဘဦးတင်မြင့်ကို သွားရောက်လှူဒါန်းသူတချို့လည်း ရှိနေပြီဖြစ်ပါတယ်။ အနုပညာကြေးတချို့တဝက်ကို အမြဲလိုလိုလှူဒါန်းပေးလေ့ရှိတဲ့ တေးသံရှင် ချယ်ရီသင်းလည်း အဘကို သွားရောက်လှူဒါန်းပေးမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာ ထက်မှာ မျှဝေခဲ့ပါတယ်။
ချယ်ချယ်ကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ကားဝယ်ခဲ့တာမို့ လက်ထဲမှာ ပိုက်ဆံပြတ်နေပေမယ့် ဒီကြားထဲ စုလို့ ရသမျှပိုက်ဆံနဲ့ အဘဆီကို သွားရောက်လှူဒါန်းပေးမှာဖြစ်ပြီး ယုံယုံကြည်ကြည်နဲ့ သူ့ရဲ့အလှူမှာ ပါဝင်အားဖြည့်ပေးကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ပရိသတ်ကြီးရေ… အလုပ်တွေ အဆင်ပြေပြီး စိတ်ရှိတိုင်း လှူဒါန်းနိုင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ချယ်ချယ်ရေ…
Source – Cherry Thin
Rainbow- Cele Gabar