သက်ကြီးလူရွှင်တော်ကြီးများအတွက် အလှူငွေ( ၁၀)သိန်းလှူဒါန်းခဲ့တယ်ဆိုတဲ့ နေတိုး

Posted on

မင်းသားချောနေတိုးကတော့ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးထိပ်တန်းမင်းသားအနေနဲ့ ရပ်တည်လာခဲ့တာနှစ်တွေကြာခဲ့ပါပြီ။ နေတိုးကတော့ ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားပါသေးတယ်။ အနုပညာပိုင်းမှာထူးချွန်တဲ့နေတိုးကတော့ လိုအပ်တဲ့နေရာမှာလည်း အလှူအတန်းတွေပြုဖို့စိတ်အားထက်သန်သူတစ်ယောက်ပါ။


ဒီနေ့မှာတော့ သူ့ရဲ့အလှူလေးတစ်ခုကို ပရိသတ်တွေကို ဖေ့ဘွတ်ခ်စာမျက်နှာထက်ကနေ မျှဝေလာခဲ့တာပါ။ နေတိုးကတော့ အလှူလေးအကြောင်းကို “ဒီနေ့ သက်ကြီးလူရွှင်တော်ကြီးများအတွက်( ၁၀)သိန်းလှူဖြစ်ပါတယ် အလှူကို” ပါလေရာ” စားသောက်ကုန် (၅)သိန်းဖို:ဝယ်ယူလှူဒါန်းခဲ့ရာမှာ” ပါလေရာ”မိသားစုနဲ့ကိုရွှေမန်းတို့ကလဲ ၅သိန်းဖို့ထပ်မှန်လှူဒါန်းပေးခဲ့ပါတယ် စုစုပေါင်း( ၁၅ )သိန်းဖိုးဖြစ်ပါတယ်ခင်ဗျာ… အခုလှူလိုက်သော” ပါလေရာ”စားသောက်ကုန်များကို့တော့လူရွှင်တော်များမှပရိသတ်များကို live လွှင့်ရောင်းချပေးသွားမှာဖြစ်တယ်လိုသိရပါတယ် ပရိသတ်များလဲအမှတ်တရအနေနဲ့ဝယ်ယူအားပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ  ပရိသတ်များအားလုံးလဲကုသိုလ်အမျှရကြပါစေ…နွေးထွေးမှုများစွာဖြင့်….နေတိုး” ဆိုပြီးတော့ ရေးသားထားတာပါ။


နေတိုးကတော့ သူကိုယ်တိုင်(၁၀)သိန်းလှူဒါန်းခဲ့သလို အခြားသူတွေကလည်း ပါဝင်လာတာကြောင့် အလှူငွေ(၁၅)သိန်းအထိဖြစ်ခဲ့တာပါ။ မင်းသားချောနေတိုးတစ်ယောက် အလှူတွေလည်းလုပ်ရင်း အနုပညာအလုပ်တွေကြိုးစားရင်းနဲ့ ထိပ်တန်းတစ်ဦးအဖြစ်သက်ဆုံးတိုင်ရပ်တည်နိုင်ပါစေနော်…
Source : NayToe