သရုပ်ဆောင်မင်းသမီးချောလေးခေးဆက်သွင်ကိုတော့ နာမည်ကြီးခဲ့တဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ ခေးဆက်သွင်ကတော့ ကျရာဇာတ်ရုပ်တွေကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်သလို ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရယူထားနိုင်တဲ့သူတစ်ယောက်ပါ။ သူကတော့ ပရိသတ်အချစ်တော်အဆိုတော်ရတနာမိုင်ရဲ့မွေးနေ့လေးမှာ စာအရှည်ကြီးရေးကာဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
ရတနာမိုင်ကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်သလို အသက်နဲ့မလိုက်အောင်နုပျိုသွက်လက်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ရတနာမိုင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ခေးဆက်သွင်ကတော့ “Happy Birthday ပါ Rosyရဲ့မမရေ… တော်တော်များများ စိတ်တွေညီလို့ အလုပ်တူတူလုပ်ရင်းလည်း ပျော်ခဲ့ရပါတယ်…သူများအပေါ် အမြင်ရှင်းတာပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တာ အလုပ်အပေါ်လေးစားတာ တရိစ္ဆာန်လေးတွေ ချစ်တတ်တာ မိဘအပေါ် သိတတ်တာပရိတ်သတ်ကို အမြဲအလေးပေးတာ (အချစ်ရေးတော့ Rosyလည်း မသိတော့ပါဘူးညှော်)အဲ့ဒါတွေကြောင့် ခုလိုအမြဲနုပျိုလန်းဆန်း အောင်မြင်နေတယ်လို့ မြင်မိတယ်…..ဒီ့ထက်မက နာမည်ကောင်းနဲ့ အောင်မြင်နိုင်ပါစေ ချစ်ညီမလေးကိုလည်း နှင်းဆီနဲ့ ပတ်သတ်တဲ့ သီချင်းမှန်သမျှ cbကနေ ခဏခဏ ပို့နိုင်ပါစေ…လာလာခွီနိုင်ပါစေ Rosyဆိုပြီးလည်း အမြဲလာနှောက်နိုင်ပါစေ ချစ်တယ် အချစ်တုံးကြီး” ဆိုပြီးတော့ ရေးသားထားပါတယ်။
ခေးဆက်သွင်ကတော့ အရင်ကအမှတ်တရတွေနဲ့အတူ သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကိုလည်း မျှဝေလာတာပါ။ ရတနာမိုင်ကတော့ ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားတာပါ။ ဒီနေ့ကျရောက်တဲ့မွေးနေ့မှသည် သက်ဆုံးတိုင် နုပျိုလန်းဆန်းလှပခြင်းတွေနဲ့အတူ အနုပညာလောကမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : YadanarMy,KhaySettThwin