လူကြီးဆုံရာနဲ့စကားပြောဖြစ်ခဲ့တယ်ဆိုတဲ့ ကျော်ထက်အောင်

Posted on

Myanmar Idol အစီအစဉ်တွေမှာ အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်ထားပြီး ပရိသတ် အခိုင်အမာ ရရှိလာတဲ့ ကျော်ထက်အောင်ကတော့ လက်ရှိမှာတော့ ရုပ်ရှင်မင်းသား တစ်ယောက်အနေနဲ့ရပ်တည်နေကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပါတယ်။သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး သရုပ်ဆောင်ပီပြင်လွန်းတာကတော့ အကယ်ဒမီ ဆန်ခါတင် စာရင်းဝင်တဲ့အထိပါပဲ။

ကျော်ထက်အောင်ကတော့ မြင့်မားတဲ့အရပ် ယောကျာ်းပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်တာမို့လည်း မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်း ခံထားရပြီး အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံနရသူလည်းဖြစ်ပါတယ်။သူကတော့ မကြားသေးမီကမှ စေ့စပ်လက်စွပ်ဝတ်ဆင်ထားတဲ့ပုံရိပ်တစ်ခုနဲ့အတူ ” Engagement Accomplished” ဆိုပြီး တင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ကျော်ထက်အောင်ဟာ လူကြီးဆုံရာနဲ့စကားပြောဖြစ်ခဲ့တဲ့အကြောင်းကို “လူကြီးဆုံရာနဲ့စကားပြောဖြစ်တယ် သူလိုချင်နေတာ အလိုလိုသိတာမျိုး သဝန်တိုတာအရမ်းချစ်လို့ သူလုပ်ထားတဲ့ Brownie သူဖျော်တိုက်တဲ့ cafe သောက်ရင်း” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းနဲ့တွဲဖက်ရိုက်ထားတဲ့ ပုံရိပ်တွေကို ဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ အစီအစဉ် တင်ဆက်သူ ကျော်ထက်အောင်ကတော့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းနဲ့အတူ လူကြီးဆုံရာနဲ့စကားပြောဖြစ်ခဲ့ကြပါတယ်တဲ့။ ပရိသတ်တွေကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးထဲက အကိုအောင်တို့ ဇာတ်လမ်းစနေတာလား၊ အစ်ကိုအောင်နဲ့ မမဖြူ ချစ်ဖို့ကောင်းလိုက်တာ ဆိုကာ သဘောတူနေကြသလို့ အသည်းကွဲနေကြတဲ့ ပရိသတ်တွေလည်းရှိပါတယ်။

Source: Kyaw Htet Aung
DarDar-CeleGabar