မိခင်ရဲ့မွေးနေ့မှာ သံဃာတော်အပါး (၄၀၀) အတွက် ကိုယ်တိုင်အရုဏ်ဆွမ်းကပ်လှူခဲ့တဲ့ ကိုဥက္ကာကျော်

Posted on

ပရိသတ်ရဲ့အချစ်တော်ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကိုတော့ ပရိသတ်ကြီးလည်း ပန်ပန်နဲ့တွဲပြီး သိနေလောက်ကြပြီ ထင်ပါတယ်နော်။ သူကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမယ့် ပန်ပန်ရဲ့ တိုက်တွန်းမှုနဲ့အတူ ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂဠုန်ဦးစောနေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ့်သူလည်း ဖြစ်ပါတယ်။

ပန်ပန်နဲ့ ကိုဥက္ကာကျော်တို့ ဇနီးမောင်နှံကတော့ လိုက်ဖက်တဲ့စုံတွဲလို့ ဆိုရအောင် ကိုဥက္ကာကျော်ကိုယ်တိုင်ကလည်း လိုအပ်တဲ့နေရာတိုင်းကို လက်မနှေးကူညီလေ့ရှိပြီး စိတ်ထားကောင်းသူတစ်ယောက်မို့ လူချစ်လူခင်ပေါများသူပါ ။ ဒီနေ့ မွေးမိခင်ရဲ့ မွေးနေ့လေးမှာလည်း မနက်အစောကြီးထပြီး အလှူဒါနပြုခဲ့ကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်း၊ စိန်ပန်းကျောင်း၊ ဆန်တော်တွင်းကျောင်း၊ ဝင်းနေမ္မိတာကျောင်းမှာ သံဃာတော်အပါး(၄၀၀) အတွက် မိခင်ကိုယ်စား နံနက်သုံးနာရီထပြီး ဒံပေါက်လှူဒါန်းပေးခဲ့ပြီး သင်္ကန်းပရိက္ခရာအစုံ(၁၀၀) ကိုလည်း လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…

ဒါ့အပြင် မိခင်ရဲ့မွေးနေ့အတွက် ” မွေးနေ့မှစ၍… ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေ… သားတို့အရမ်းချစ်ပါတယ်ဆိုတာကို မေမေနားလည်ပါစေ… သားတို့မိသားစုလေးကိုလည်း နားလည်ပြီး ချစ်ပေးနိုင်ပါစေ… ကျေးဇူးရှင်မေမေ” ဆိုပြီး မိခင်အတွက် မွေးနေ့ဆုတောင်းစကားလေးနဲ့ အလှူပုံရိပ်လေးတွေ မျှဝေပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ထပ်တူသာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Okka Kyaw
Rainbow- Cele Gabar