ပင်လယ်ကြီးနဲ့အတူ အတိတ်ကအမှတ်တရသီချင်းတစ်ပုဒ်ကို Tik Tok ရိုက်ခဲ့တဲ့ နန်းဆုရတီစိုး

Posted on

ပရိသတ်ကြီးရေ ရှမ်းတရုတ် ကပြားမလေး သရုပ်ဆောင်အဆိုတော် နန်းဆုရတီစိုး ရဲ့ ကမ်းမဲ့လှေ ဆိုတဲ့သီချင်းလေးက အသည်းကွဲနေတဲ့ ပရိသတ်တွေအတွက် အတော်လေး ထိရှစေခဲ့ပြီး အကြိုက်တွေ့ခဲ့ကြတဲ့ သီချင်းလေးလို့ဆိုရမှာပါ ။ ဒီသီချင်းလေးကို အဆိုတော် G-fatt က ရေးသားပေးထားတာဖြစ်ပြီး ပင်လယ်ကမ်းခြေမှာ musicvideo ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် ။

မကြာခဏဆိုသလို ခရီးတွေထွက်လေ့ရှိတဲ့ နန်းဆုရတီစိုးကတော့ လတ်တလောမှာကမ်းခြေ တစ်ခုကိုရောက်ရှိနေတာဖြစ်ပြီး သူမဘဝရဲ့အမှတ်တရ သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ကမ်းမဲ့လှေ ဆိုတဲ့သီချင်းလေး ကို tik tok ရိုက်ခဲ့ပြီး ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ နန်းဆုရဲ့ tiktok လေးကို ချစ်ဖို့ကောင်းလွန်းလို့ ခဏခဏ ကြည့်မိတယ်ဆိုတဲ့ မှတ်ချက်လေးတွေ ဝေဆာနေအောင် မှတ်ချက်ရေးသားခဲ့ကြပါတယ် ။

ပင်လယ်ကြီးရေ ကျွန်မက ရှင့်လောက် မာယာတွေလည်း မများ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ tiktok လေးကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ။ ဒီသီချင်းလေးကို အရမ်းကြိုက်ခဲ့တဲ့ သူမရဲ့ ပရိသတ်တွေကတော့ အရမ်းကိုသဘောတွေ့နေကြတာတွေ့ရပါတယ် ။

Source : Nan Su Yarti Soe
Emily (Cele Gabar)