ပရိသတ်တွေ သဘောကျမယ့် သီချင်းအသစ်(၂)ပုဒ် ထွက်ရှိလာဦးမယ့်အကြောင်း အသိပေးလာတဲ့ ရွှေထူး

Posted on

ရွှေထူးကတော့ သီချင်းကောင်းလေးတွေကို သီဆိုပြီးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူပါ။ လတ်တလောမှာတော့ ရွှေထူးက သူ့ရဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ မကြာခင်အချိန်မှာပရိတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျမယ့် သီချင်းကောင်းလေးတွေထက်ရှိလာမယ့် သတင်းလေးပဲဖြစ်ပါတယ်။

ရွှေထူးကတော့ ဒီသတင်းလေးကို “အားလုံးသဘောကျနှစ်သက်ကြတဲ့ အမုန်းပင် ဆိုတဲ့သီချင်းရဲ့ ဖန်တီးသူ ကိုဆလိုင်း နဲ့ အမှတ်တရ နောက်ထပ် ၂ ပုဒ်ဝယ်ထားသေးတယ် အားလုံးသဘောကျမယ့်ပုံစံလေးတွေဖြစ်ကြောင်းနဲ့ မကြာခင်မှာ အဲ့ဒီ့သီချင်းလေးတွေကို ထပ်တင်ပေးမည်ဖြစ်ကြောင်း ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သီချင်းအသစ်တွေမျှော်နေတဲ့ ပရိသတ်တွေအတွက် ဝမ်းသာရအောင်မျှဝေဖော်ပြထားခဲ့တာပါ။

ရွှေထူးရဲ့ အမုန်းပင်ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး အခုတစ်ခေါက်ထွက်ရှိလာမယ့် သီချင်းအသစ်နှစ်ပုဒ်ကလည်း အမုန်းပင်သီချင်းရေးပေးတဲ့ တေးရေးဆရာ ကိုဆလိုင်းကရေးသားပေးထားတာဖြစ်တဲ့အပြင် ရွှေထူးကိုယ်တိုင်ကလည်း ပရိသတ်သဘောကျမယ့် ပုံစံလေးဆိုတော့ နားထောင်ချင်နေပါပြီနော်။

Chilli – CeleGabar
Source – Shwe Htoo