ရိုက်ကွင်းလှလှလေးတွေကြည့်ရင်း ချစ်ဇနီးနားမှာကပ်ချွဲနေတဲ့ ခင်လှိုင်

Posted on

ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင်ခင်လှိုင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်နီးပါး လျောက် လှမ်းလာခဲ့ပြီး အောင်မြင်မှုများစွာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မိသားစု လေးနဲ့လည်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ မိသားစုကို အရမ်းချစ်တတ်တဲ့ ဦးခင်လှိုင်ကတော့ အနုပညာအလုပ်တွေ အားလပ်ချိန်တွေဆို မိသားစုကိုအမြဲအချိန်ပေးတတ်တဲ့သူတစ်ယောက်ပါ ။

ချစ်ရတဲ့ သားသမီးသုံးယောက်ကိုရော ချစ်ဇနီးကိုပါ အရမ်းကိုချစ်တတ်သူကြီးအဖြစ် ပရိသတ်တွေက အသိမှတ်ပြုထားကြပြီး အထိမ်းမှတ်နေ့တွေမှာလည်း တစ်ယောက်ကို တစ်ယောက် အမြဲလိုလို Surprise တွေလုပ်ပြီးပျော်ရွှင်စေတဲ့ ဦးခင်လှိုင်တို့မိသားစုလေးက တကယ်ကိုကြည်နူးစရာပါပရိသတ်ကြီးရေ ..။ မငွေသိမ်းလို့ ချစ်စနိုးခေါ်ရတဲ့ ဇနီးဖြစ်သူ မငယ်လေးနဲ့ အမှတ်တရလေးတွေကိုလည်း ပရိသတ်တွေကိုအမြဲ လိုလိုမျှဝေပေးလေ့ရှိပါသေးတယ် ။

လတ်တလောမှာတော့ ရိုက်ကွင်းလှလှလေးတွေလိုက်ကြည့်ပြီး ပင်ပန်းနေတော့ မငွေသိမ်းအနားမှာ…အပန်းဖြေပေါ့ ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကွင်းတွေကြည့်ပြီး ချစ်ဇနီး မငွေသိမ်းနားမှာ ကပ်ချွဲနေတဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ခင်လှိုင်ကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ်ကြီးအတွက် ခင်လှိုင်တို့ဇနီးမောင်နှံရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Hlaing
Emily (Cele Gabar)