သက်ကြီးလူရွှင်တော်ကြီးများကန်တော့ရန်အတွက် အလှူငွေ ဆယ်သိန်း လှူဒါန်းခဲ့တဲ့ အကယ်ဒမီနေတိုး

Posted on

ပရိသတ်ကြီးရေလတ်တလောမှာတော့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင် ဦးစီးပြီး သက်ကြီးရွယ်အို လူရွှင်တော် ကြီးတွေအ တွက် လှူဒါန်းမှုတွေပြုလုပ်လျက်ရှိပါတယ် ။ ရရှိတဲ့ အလှူငွေတွေကို အသက်ရွယ် အိုမင်းနေပြီဖြစ်တဲ့ ဝါရင့်လူရွှင်တော်ကြီးတွေကို အလှည့်ကျ လိုက်လံ လှူဒါန်းမှုတွေပြုလုပ်နေတာပါ ။

လတ်တလောမှာတော့ သက်ကြီးလူရွှင်ကြီးများကန်တော့ရန် အကယ်ဒမီနေတိုးမိသားစုမှငွေငါးသိန်း နဲ့ အတူ ပါလေရာပစ္စည်းငါးသိန်း ပေါင်းဆယ်သိန်း တိတိလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ ဒါ့အပြင် ပါလေရာမိသားစုမှပစ္စည်းငါးသိန်း ၊ မြင့်မိုရ်မေမေစာပေနှင့်အောင်မြင့်မိုရ် ပုံနှိပ်လုပ်ငန်းမိသားစုမှ ငွေသုံးသိန်းစာအုပ်လေးသိန်း ငါးသောင်းဖိုးတို့ကို ယနေ့လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

နေတိုး အပါဝင် လှူဒါန်းကြတဲ့ အလှူရှင်တွေအားလုံးကို ပရိသတ်တွေကို သာဓုခေါ်ဆိုခဲ့ကြပြီး ခုလို မွန်မြတ်တဲ့အလှူလေးအတွက် ပါဝင်လှူဒါန်းချင်သူတွေကလည်း မှတ်ချက်လေးတွေ ရေးသားထားကြတာကို ကြည်နူးဖွယ်တွေ့မြင်ရပါတယ် ။ ကိုဒိန်းဒေါင်တစ်ယောက်လည်း ခုလို လိုအပ်နေတဲ့ သူတွေအတွက် ဒီထက်မက လှူဒါန်းမှုတွေပြုလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Dain Daung
Emily (Cele Gabar)