လူကြမ်းမင်းသားကြီး အဘဦးတင်မြင့်အတွက် အလှူငွေ (၁၃) သိန်းလှူဒါန်းခဲ့တဲ့ ဘေဘီမောင် နဲ့ သံစဉ်မောင်

Posted on

တစ်ချိန်က ပရိသတ်တွေကို သူချစ်တဲ့အနုပညာနဲ့အလုပ်ကျွေးပြုခဲ့တဲ့ လူကြမ်းမင်းသားဟောင်းကြီး အဘ ဦးတင်မြင့်ဟာ လေဖြတ်ပြီးနောက်ပိုင်း အနုပညာအလုပ်တွေလည်း ဆက်လက်မလုပ်ကိုင်နိုင်တော့ဘဲ အိမ်ငှားနေရင်း ဘဝကို ခက်ခဲစွာဖြတ်သန်းနေရတဲ့အကြောင်း ကိုကြားသိပြီး အနုပညာရှင်တော်တော်များများက သွားရောက်လှူဒါန်းခဲ့ကြပါတယ် ။

လတ်တလောမှာတော့ ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ ညီအစ်မနှစ်ယောက်က အဘဦးတင့်မြင့်အတွက် မတည်ငွေ (၅)သိန်းနဲ့အတူ ပရိသတ်တွေရဲ့အလှူငွေ တွေ စုပေါင်းပြီး စုစုပေါင်း (၁၃)သိန်းတိတိသွားရောက်လှူဒါန်းခဲ့ပါတယ် ။ နောက်ထပ်လဲ အဘဦးတင်မြင့်အတွက် ကျန်းမာအောင် အားရှိစေမယ့် အစားစာတွေ သွားရောက်လှူဒါန်းဦးမယ်လို့လည်း ဘေဘီ က CeleGabar အင်တာဗျူးမှာဖြေဆိုခဲ့ပါသေးတယ် ။ ဘေဘီတို့ညီအစ်မ နှစ်ယောက်ရဲ့အလှူကြောင့် ဘဘဦးတင်မြင့်လည်း မျက်ရည်ကျရသလို ဘေဘီတို့ညီအစ်မ နှစ်ယောက်အတွက်လည်း ပီတိမျက်ရည်တွေ ကျခဲ့ရတဲ့နေ့ပါ ပဲပရိသတ်ကြီးရေ ..။

အများလှူလို့လှူတယ်ဆိုတဲ့ ဝေဖန်တိုက်ခိုက်တဲ့ စကားတွေကိုဘေးချိတ်ပြီး အဘိုးအရွယ် လည်းဖြစ်သလို အနုပညာသမားချင်းလည်း ဖြစ်တဲ့ အဘဦးတင်မြင့်အတွက် စေတနာအရင်းခံပြီး လာရောက်လှူဒါန်းခဲ့ကြတဲ့ ဘေဘီတို့ညီအစ်မ နှစ်ယောက်ကို ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြောင်းမှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ဘေဘီ နဲ့သံစဉ်မောင်တို့ ညီအစ်မနှစ်ယောက် နောက်လည်း လိုအပ်တဲ့နေရာတွေမှာ ဒီထက်မက လှူနိုင်တန်းနိုင်သူတွေဖြစ်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Exclusive On CeleGabar, Emily (Cele Gabar)