မြတ်နိုးအေးကတော့ “ည” “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်အားနဲ့ပရိသတ်အားပေးမှုအခိုင်အမာရရှိလာသူတစ်ယောက်ပါ။ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဇာတ်ရုပ်တိုင်းကို အပိုအလိုမရှိကွက်တိသရုပ်ဆောင်နိုင်တာကြောင့်လည်း အချိန်တိုအတွင်းနေရာတစ်ခုရလာတဲ့မြတ်နိုးအေးကတော့ မကြာခင်အချိန်အတွင်း MNTV မှာထုတ်လွှင့်ပြသတော့မယ့် ရင်ခုန်သံ (၇၄) ရက်ဇာတ်ကားမှာလည်း အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ(၁၅) ရက်နေ့လေးကတော့ မြတ်နိုးအေးရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူ့ရဲ့မွေးနေ့လေးကို အလှူဒါနလုပ်ပြီး ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းခဲ့ပါတယ်။ ရိုက်ကွင်းက လုပ်ဖော်ကိုင်ဖက်တွေကို မွေးနေ့အလှူလေးအနေနဲ့ ဆန်၊ဆီနဲ့ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပြီး ခဝဲခြံမျက်မမြင်ကျောင်းက ကလေးတွေအတွက်လည်း ညနေစာနဲ့ မုန့်တွေ လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ….
မြတ်နိုးအေးကတော့ အမြဲတမ်းလည်း လှူနေသူတစ်ယောက်ဖြစ်ပေမယ့် ဒီနှစ်မွေးနေ့မှာတော့ အရင်ကထက် သုံးဆလောက် ပိုလှူဒါန်းပေးနိုင်တဲ့အပေါ်မှာ ဝမ်းသာဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ မွေးနေ့ရက်လေးကို အလှူဒါနလုပ်ရင်း ပီတိအပြုံးလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ မြတ်နိုးအေးရဲ့မွေးနေ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Myat Noe Aye- မြတ်နိုးအေး
Rainbow- Cele Gabar