သန်လျင်ဘိုးဘွားရိပ်သာမှာ ဘိုးဘွားတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ လင်းလင်း

Posted on

လင်းလင်းကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့မိတ်ကပ်ပညာရှင်တွေထဲက တစ်ယောက်ပါ။ မိန်းမလျာတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတွေအရှုံးပေးရအောင် သွယ်လျလှပတဲ့ခန္ဓာကိုယ်နဲ့ ဖြူစင်ဝင်းပတဲ့အသားအရည်ကို ပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ဆက်တိုက်ရိုက်ကူးလာရတဲ့အထိ အောင်မြင်မှုရရှိလာသူလည်း ဖြစ်ပါတယ်။

အမြဲပျော်ပျော်နေတတ်တဲ့အပြင် အလှူအတန်းရက်ရောတဲ့လင်းလင်းကတော့ မနေ့ကအားလပ်ရက်လေးမှာလည်း သန်လျင်သဘာဝတရားရိပ်သာကို သွားပြီး အဘိုးအဘွားတွေအတွက် ဆန်၊ဆီနဲ့ စားသောက်စရာလေးတွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ… ခိုကိုးရာမဲ့ဘိုးဘွားတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ငိုခဲ့ရတဲ့လင်းလင်းကတော့ ပရိသတ်ကြီးကိုလည်း ဒီလိုနေရာမျိုးတွေမှာ လာရောက်လှူဒါန်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အားလပ်ရက်လေးကို အကျိုးရှိစွာနဲ့ ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့လင်းလင်းကတော့ သူ့ရဲ့အလှူလေးကို ဗွီဒီယိုလေးနဲ့ ပြန်လည်မျှဝေဖော်ပြခဲ့ပါတယ်.. အဘိုးအဘွားတွေအတွက် စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တဲ့ လင်းလင်းရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦး ပရိသတ်ကြီးရေ…

Source – Lin Linn
Rainbow- Cele Gabar