အောင်ထက်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတဲ့ နာမည်ကျော်အဆိုတော်တွေထဲကတစ်ယောက်ပါ။ အိမ်မက်ဆုံရာ ပြိုင်ပွဲကနေစပြီး ပရိသတ်တွေအချစ်ကိုရရှိလာတဲ့ အောင်ထက်ကတော့ ပရိသတ်တွေကြိုက်နှစ်သက်အားပေးရတဲ့ သီချင်းအယ်လ်ဘမ်တွေလည်း ထွက်ရှိခဲ့ပြီးပါပြီ။
မနေ့ကတော့ အောင်ထက်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့လေးမှာ အကျိုးရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ အလှူငွေတွေကုသိုလ်ပြုခဲ့သလို အိမ်မှာလည်း ဝါဆိုသင်္ကန်းကပ်ကာ ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ကုသိုလ်ကောင်းမှုအစုစုကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ” ယနေ့ မွေးနေ့အလှူ ကျွန်တော်နဲ့အတူပါဝင်ကုသိုလ်ပြုကြတဲ့ မိသားစုတွေအားလုံး အေးချမ်းငြိမ်းချမ်းကြပါစေ ကုသိုလ်အားလုံးကို မျှဝေပါတယ်” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။
အောင်ထက်ကတော့ မွေးနေ့အလှူပုံရိပ်လေးတွေကို ပရိသတ်ကိုဝေမျှခဲ့ပြီး ပရိသတ်တွေကလည်းအလှူအတွက် ကြည်နူးပီတိဖြစ်ခဲ့ကြပါတယ်။ အောင်ထက်တစ်ယောက် သက်ဆုံးတိုင်အနုပညာလောကမှာအောင်မြင်ရုံသာမက အခုလိုပဲလှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source : AungHtet