ရဲရင့်အောင်ရဲ့မွေးနေ့တိုင်းကို အတူတူဖြတ်သန်းလာတာ (၄) နှစ်ရှိပြီဆိုတဲ့ ဧငြိမ်းဖြူ

Posted on

ပရိသတ်တွေအားကျရတဲ့အနုပညာရှင်စုံတွဲတွေထဲမှာတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့လည်း ပါဝင်ပါတယ်။ သူတို့စုံတွဲလေးကတာ့ အချင်းချင်းနားလည်ဂရုစိုက်မှုတွေနဲ့ဖြတ်သန်းလာခဲ့တာ နှစ်တွေကြာနေခဲ့ပါပြီ။ မွေးနေ့လေးတွေကလည်း သူတို့ရဲ့ချစ်သူသက်တမ်းတစ်လျှောက်မှာရှိတဲ့ အမှတ်ရစရာနေ့လေးတစ်နေ့ဖြစ်တာလည်း ဖြစ်ပါတယ်။


မွေးနေ့တိုင်းမှာအတူတူဖြတ်သန်းလေ့ရှိတဲ့ရဲရင့်အောင်တို့စုံတွဲလေးကတော့ ဒီတစ်နှစ်နဲ့ဆိုရင် (၄)နှစ်ရှိခဲ့ပါပြီ။ ဧငြိမ်းဖြူကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကုရေ Happy Birthday ပါ.. ဒီလိုနေ့မှာတူတူဖြတ်သန်းခဲ့တာ 4 နှစ်တောင်ရှိပြီနော်.. ဒီနှစ်မွေးနေ့ကစပြီး ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝပါစေ…ချစ်ရတဲ့မိသားစုတွေ သူငယ်ချင်းတွေ ပရိသတ်တွေနဲ့ လဲသက်ဆုံးတိုင်ပျော်ရွှင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…ချစ်တဲ့ ကလေးငယ်” ဆိုပြီးတော့ သူတို့နှစ်ဦးရဲ့ကြည်နူးစရာပုံရီပ်လေးတွေနဲ့အတူ ရေးသားဖော်ပြထားပါတယ်။


ဧငြိမ်းဖြူကတော့ ချစ်သူအပေါ်ဂရုတစိုက်နဲ့အမှတ်တရတွေကို ပြန်လည်ပြောပြလာတာဖြစ်ပြီး ဒီနေ့မှာတော့ ကြည်နူးစရာမွေးနေ့ဆုတောင်လေးဆုတောင်းပေးခဲ့ပါပြီ။ ရဲရင့်အောင်တစ်ယောက် ပရိသတ်အချစ်တွေနဲ့အတူသက်ဆုံးတိုင်အနုပညာလောကမှာအောင်မြင်မှုတွေရရှိပါဝေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : YeYintAung,ANyeinPhyu