မွေးနေ့အလှူအဖြစ် လိုအပ်တဲ့နေရာများစွာမှာ စိတ်တိုင်းကျကုသိုလ်ပြုခွင့်ရခဲ့တာကြောင့် ပီတိဖြစ်နေတဲ့ အမရာငြိမ်း

Posted on

အမရာငြိမ်းကိုတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့သိကြသလို နိုင်ငံ့ကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့သိကြမှာပါ။ အမရာငြိမ်းကတော့ Miss International Myanmar တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသူပါ။ မနေ့ကတော့ အမရာငြိမ်းရဲ့မွေးနေ့ကျရောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါသေးတယ်။


အမရာငြိမ်းကတော့ လိုအပ်တဲ့နေရာတော်တော်များများမှာ အလှူတွေပြုလုပ်ခဲ့တာဖြစ်ပြီး “မွေးနေ့မှာ လှူဖြစ်ခဲ့သမျှ အမှတ်တရ ပကာသနတွေမပါပဲ အရမ်းပီတိဖြစ်ရ စိတ်ချမ်းမြေ့ရသော အလှူတွေပါ။ ပုံလေးတွေ တပုံချင်းကြည့်ပြီး သာဓုခေါ် ထပ်တူကုသိုလ်ရကြပါစေနော်။ သဘာဝတရားရိပ်သာနဲ့ လမ်းမှာတွေ့သမျှ လူအားလုံးကို ဝေဖြစ်သော ထမင်း၊ ဘဲဥဟင်း၊ ငါးခြောက်ကြော်၊ ချဉ်ပေါင်ကြော်နဲ့ ထမင်းဘူး ၁၀၀ ၊ ဆရာတော်ဘုန်းကြီးတွေထက် အဆများစွာအလှူရှင်နည်းပါးလှတဲ့ သီလရှင်စာသင်တိုက်မှာ စာသင်နေကြတဲ့ဆရာလေးတွေကို သာသနာတော်အထောက်အပံ့အတွက် ဆန် ၃အိတ် ဆီ ၂ပုံး ၊ Golden Heart Animal Rescue မှာ ဒုက္ခိတ လေလွင့်တရိစ္ဆာန်လေးတွေကို အမဲအရွတ်ဟင်းနဲ့ အာဟာရဒါနတနပ်စာ အလှူငွေ ၂သိန်း၊ Pearl Heart Animal Shelter မှာ ဆေးကုသစောင့်ရှောက်မှုခံနေရတဲ့ လေလွင့်ခွေးလေးတွေအတွက် ကြက်သားဟင်းနဲ့တနပ်စာ အလှူငွေ ၁သိန်း၊နောက်ပြီး တခြားလိုအပ်နေသူတွေအတွက် အလှူငွေတွေ ဒီ့ထက်ပိုပြီး လှူနိုင်သောသူဖြစ်ရပါလိုတယ်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။


အမရာငြိမ်းကတော့ ဂရုစိုက်တတ်လွန်းတဲ့ခင်ပွန်းကိုပိုင်ဆိုင်ထားသလို ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားတာပါ။ အခုလည်း မွေးနေ့မှာကုသိုလ်ကောင်းမှုတွေကိုအတူတူပြုခဲ့ကြတာပါ။ အမရာငြိမ်းတစ်ယောက် သက်ဆုံးတိုင် မိသားစုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းရင်း အလှူအတန်းတွေလည်း ဒီထက်မကဆောင်ရွက်နိုင်ပါစေ…
Source : AyeNyeinSwe