ဂုဏ်ယူစရာကောင်းခဲ့တဲ့ ဘဝရဲ့အမှတ်တရနေ့ရက်တွေကို ပြန်လည်ပြောပြလာတဲ့ မျိုးမင်းစိုး

Posted on

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ပြောင်မြောက်တဲ့ဒီဇိုင်းလက်ရာတွေနဲ့အတူ မြန်မာနိုင်ငံရဲ့နာမည်ကြီး ဒီဇိုင်နာတစ်ဦးအဖြစ်ရပ်တည်နေသူတစ်ယောက်ပါ။ ဒီဇိုင်းပညာသာမက လူမှုပရဟိတစိတ်ဓာတ်ရှိတာကြောင့် လိုအပ်တဲ့နေရာတွေမှာလက်မနှေဘဲ မကြာခဏလှူတန်းတတ်တာကြောင့်လည်း လေးစားအားကျရတဲ့သူတစ်ယောက်ပါ။


အမြဲမပြတ်ကြိုးစားနေတဲ့ဒီဇိုင်နာတစ်ဦးဖြစ်တဲ့မျိုးမင်းစိုးကတော့ အထင်ကရဖြစ်တဲ့ဂုဏ်ယူစရာဖြစ်ရပ်လေးတွေကို သူ့ရဲ့ဖေ့ဘွတ်မှာ ဖော်ပြလာပါတယ်။ သူ့ရဲ့ဖေ့ဘွတ်အကောင့်မှာ “ကျန်တော့်ဘဝရဲ့အထင်ကရနေ့စွဲများ
(1)နိင်ငံတော်သမ္မတဦးဝင်းမြင့်ချီးမြင့်တဲ့သုဓမ္မမဏိဇောတဓရဘွဲ့
(2)လူမှူဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးချီးမြင့်တဲ့
မြန်မာလှူမှူအကျိုးပြုစံပြထူးချွန်ဆု


(3)အမျိုးသားယဉ်ကျေးမှူအနုပညာတက္ကသိုလ်ကချီးမြင့်တဲ့M.A(ဒီဇိုင်းပညာရပ်)ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့)
(4)နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ချီးမြင့်တဲ့Maskပြိုင်ပွဲမှာပြည်သူ့အနှစ်သက်ဆုံးဆုဒုတိယဆု
ကျနော်ရဲ့အသက်မွေးဝမ်းကြောင်း ဒီဇိုင်နာပညာနဲ့ လျှောက်လမ်းခဲ့တဲ့13နှစ်ခရီးမှာ အမှတိထင်ထင် ဖြစ်ခဲ့ရတဲ့ မှတ်တမ်းလေးမို့ တစုတစည်းသိမ်းဆည်းထားပါရစေ။
နောက်ထပ်လည်း ကျန်တော့်ဘဝအတွက်မှတ်တိုင်များစွာ စိုက်ထူနိုင်ဖို့အတွက်ကျန်တော်အများကြီးထပ်ကြိုးစားအားထုတ်နေမှာပါ။” ဆိုပြီးတော့ ရေးသားထားတာပါ။


မျိုးမင်းစိုးကတော့ လက်ရှိအချိန်မှာ ဝါသနာနဲ့အပျော်သဘောအနေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးပေးနေတာလည်းဖြစ်ပါတယ်။ ဒီဇိုင်နာတစ်ယောက်အဖြစ်သာမက ပရဟိတစိတ်ဓာတ်ရှိတဲ့ မျိုးမင်းစိုးကတော့ အခုလိုဂုဏ်ယူစရာအမှတ်တရကောင်းတွေကြောင့် ပျော်ရွှင်ကြည်နူးစရာလေးတွေကို ပိုင်ဆိုင်ထားမှာ အသေအချာပါပဲနော်…
Source : MyoMinSoe