ထက်ထက်မိုးဦးရဲ့ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းကြောင်းပြောလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

Posted on

ပရိသတ်အချစ်တော်ထက်ထက်မိုးဦးကတော့ တစ်ချိန်ကကြော်ငြာဘုရင်မတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူတစ်ယောက်ပါ။ ထပ်ဆင့်အကယ်ဒမီပိုင်ရှင်လည်းဖြစ်သလို ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုများစွာရရှိထားသူပါ။ ဒီနေ့ကတော့ ထက်ထက်အတွက်ဝမ်းနည်းစရာနေ့ရက်တစ်ခုဖြစ်ခဲ့ပါပြီ။


ထက်ထက်မိုးဦးရဲ့ဖခင်ဖြစ်သူဟာ ဒီနေ့မှာကွယ်လွန်ပြီး ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာပါ။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီသတင်းကိုသိရတဲ့အချိန်မှာ ဝမ်းနည်းကြေကွဲစွာနဲ့ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ထက်ထက်ရဲ့ဖခင်ကွယ်လွန်သွားလို့ထပ်တူဝမ်းနည်ကြေကွဲရပါတယ်။ ကောင်းရာသုဂတိလားပါစေ။” ဆိုပြီးတော့ ရေးသားထားတာပါ။


ထက်ထက်ကတော့ ကိုယ်တိုင်လည်းကျန်းမာရေးမကောင်းတာကြောင့် စိတ်ညစ်နေတဲ့အကြောင်းလည်း ပရိသတ်တွေကို မကြာသေးခင်ကရင်ဖွင့်အသိပေးလာခဲ့ပါသေးတယ်။ အခုလည်း ဖခင်ဖြစ်သူဆုံးပါးသွားတဲ့ဆုံးရှုံးမှုကြီးကတော့ တကယ့်ကိုဝမ်းနည်းစရာပါပဲနော်…
Source : MyoMinSoe