အမိုက်စားဖန်တီးပုံဖော်မှုတွေနဲ့ ဘင်ဂျမင်ဆုမ်းရဲ့ဒုတိယမြောက်သီချင်းလေး

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ Top-3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ ရှားပါးတဲ့အသံကာလာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ဝန်းရံအားပေးတဲ့အမာခံပရိသတ်တွေများစွာရှိတဲ့ ဘင်ဂျမင်ကတော့ မကြာသေးခင်က JOOX ကနေ Voting စနစ်နဲ့ရွေးချယ်တဲ့ 2020 Half Year Award မှာလည်း Artist Award ကို ရရှိခဲ့ပါသေးတယ်။

ပထမဆုံးထွက်ထားတဲ့ ” ပြန်တွေ့မယ့်ရက် ” သီချင်းလေးဟာဆိုရင်လည်း JOOX မှာ အချိန်အတော်ကြာ ပထမနေရာမှာရပ်တည်နိုင်ခဲ့ပြီး ဒီနေ့မှာတော့ နောက်ထပ် သူ့ရဲ့ကိုယ်ပိုင်သီချင်းတစ်ပုဒ် ထပ်မံထွက်ရှိလာပြီဖြစ်ပါတယ်။ ပထမသီချင်းလေးတုန်းက အဝေးတစ်နေရာမှာ မိသားစုနဲ့ခွဲပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် ခံစားသီဆိုထားတဲ့ သီချင်းလေးဖြစ်ပြီး ဒီနေ့ထပ်ရှိလာတဲ့သီချင်းလေးကတော့ အိမ်ဘေးကကောင်မလေး ကြောင့် ပျော်ရွှင်နေရတဲ့ အချစ်ရူးလေးရဲ့ခံစားချက်ကို အမြူးလေး နားဆင်ခံစားရမှာပါ။

သီချင်းဗွီဒီယိုရဲ့ အစပိုင်းကိုတော့ သရဲကားဆန်ဆန် ဖန်တီးထားပြီး နောက်ပိုင်းမှာတော့ ချစ်ဖို့ကောင်းတဲ့ ဘင်ဘင်နဲ့ နော်ဖောအယ်ထားတို့ရဲ့ သရုပ်ဆောင်မှုလေးတွေနဲ့ ပုံဖော်ထားပါတယ်။ သီချင်းလေးရော ၊သရုပ်ဆောင်မှုအပိုင်းပါ ပြောစရာမလိုအောင် ချစ်ဖို့ကောင်းလွန်းတဲ့ ဘင်ဂျမင်ရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ “ဟိုဘက်အိမ်က ကောင်မလေး” သီချင်းကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Benjamin Sum
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x