တက်သစ်စအနုပညာရှင်တွေဖြစ်တဲ့ အမြွာညီအကို နှစ်ယောက်ကတော့ သဇင်ထူးမြင့်နဲ့အတူ ပညာပေးဗွီဒီယိုလေးတွေဖန်တီးပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Twin Guys II It’s my Lifestyle Page လေးကနေတဆင့် မျှဝေပေးလျက်ရှိပါတယ်။
ဒီနေ့မှာတော့ သူတို့သုံးယောက်တင်မကဘဲ မင်းသမီးအသစ်လေးပါ ပါဝင်လာပါတယ်။ ဦးခင်လှိုင်တို့မိသားစုရဲ့ အသည်းတုံးလေးဖြစ်တဲ့ ရွှေပိုးလေးပါ ပါဝင်သရုပ်ဆောင်ထားပြီး သဇင်ထူးမြင့်ကတော့ ” ကဲ မင်းသမီးသစ်လေးနဲ့နော်…. ရွှေပိုးလေးကလည်း ဝါသနာပါ သင်ပေးတဲ့တိုင်း ချစ်ဖို့ကောင်းအောင် လုပ်တတ်တော့ တီတီနဲ့တူတာပေါ့နော် ” ဆိုပြီး ရေးသားကာ တူမလေးနဲ့ အတူတူသရုပ်ဆောင်ထားတဲ့ ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ်။
ဒီဗွီဒီယိုလေးကတော့ ငယ်ရွယ်နုနယ်တဲ့ကလေးတစ်ယောက်ရဲ့ အဓိကလိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ ချစ်ခင်နွေးထွေးတဲ့မိသားစုအသိုက်အမြုံလေးကို ဖန်တီးပေးဖို့ မေ့လျော့နေတတ်တဲ့ မိဘတွေအတွက် ပညာပေးဗွီဒီယိုလေးဖြစ်ပါတယ်။ ကလေးပေမယ့် အနုပညာသွေးအပြည့်ပါတဲ့ ရွှေပိုးလေး ကိုယ်တိုင် အကောင်းဆုံးပါဝင်အားဖြည့်ပေးထားတဲ့ အမြွာညီအစ်ကိုနှစ်ယောက်ရဲ့ပညာပေးဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
Source – Twin Guys II It’s my Lifestyle
Rainbow- Cele Gabar