ပေးဆပ်ခြင်းနဲ့ချစ်တဲ့သူတစ်ယောက်ရဲ့ အသည်းကွဲသွားတဲ့ခံစားချက်တွေကို ရေးစပ်ထားတဲ့ အဆိုတော် မင်းခန့်(Chinese)ရဲ့ သီချင်းသစ်လေး

Posted on

အလွမ်းသီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော် မင်းခန့်(Chinese) ဟာ ယနေ့မှာတော့ အသည်းကွဲသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ” နေ့စဉ်ရက်ဆက် ” ဆိုတဲ့ သီချင်းသစ်လေးကို ” နေ့ စဉ် ရက် ဆက် (Official Music Video) Artist – Minn Khant(Chinese) & Min Khant Aung, Music – Ryi Ni, Starring – Minn Khant + Yu + Min Khant Aung, Director – Htoo Aung, သီချင်းအသစ်လေးတင်လိုက်ပါပြီ။Music Videoမှာပါဝင်ကူညီပေးကြတဲ့အကိုတွေအမတွေအားလုံးကိုကျေးဇူးတင်ပါတယ်။” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မင်းခန့်(Chinese) ကတော့ “ပြန်ချစ်ကြမယ်” ဆိုတဲ့ အလွမ်းသီချင်းလေးနဲ့ ပရိသတ်တွေစတင် သတိပြုအားပေးမှုရရှိခဲ့ပြီး ” အဆင်ပြေဖို့ခက်တယ် “၊ ” ပြန်လိုချင်တယ် “၊ “နှစ်ယောက်တစ်အိပ်မက် ” ဆိုတဲ့ သီချင်းတေါဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ မင်းခန့်(Chinese) ကတော့ Chinese Pop အမျိုးအစား သီချင်းအေးအေးလေးတွေသီဆိုတာဖြစ်ပြီး သူရဲ့ အအောင်မြင်ဆုံးအလွမ်းသီချင်းကိုတော့ ကိုယ်တိုင်ရေးသားတတ်သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေးဆပ်ခြင်းနဲ့ချစ်တဲ့သူတစ်ယောက်ရဲ့ လိုသုံးလိုအသုံးချခံခဲ့ရမှုကြောင့် အသည်းကွဲသွားတဲ့ခံစားချက်တွေကို ရေးစပ်ထားတဲ့ သီချင်းသစ်လေးကတော့ထွက်ရှိလာပါပြီနော်။

CeleGabar ပရိတ်ကြီးရေ သီချင်းတစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ်တွေရင်ထဲရောက်အောင်ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေစေမယ့် သီချင်းတွေဖန်တီးပေးလေ့ရှိတဲ့ မင်းခန့်(Chinese) ရဲ့ အသည်းကွဲသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ ” နေ့စဉ်ရက်ဆက် ” ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Source: Minn Khant
DarDar-CeleGabar