ပြည်သူချစ်မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ဖခင်ကတော့ ဒီနေ့မှာပဲ ဆုံးပါသွားခဲ့ပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ… မကြာသေးခင်က ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့ဖခင်ဖြစ်သူကိုတော့ ထက်ထက်ကိုယ်တိုင် နေမကောင်းတဲ့ကြားက စောင့်ရှောက်ပြုစုပေးခဲ့ပေမယ့် ဒီနေ့မှာတော့ တားလို့မရတဲ့ သေခြင်းတရားကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။
ထက်ထက်ဖခင်ရဲ့ဈာပနကိုတော့ ရန်ကုန်နာရေးကူညီမှုအသင်းကြီးနဲ့အတူ ပရဟိတမင်းသား ဝေဠုကျော်ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ဒါ့အပြင် ” ခင်မင်ရသော မထက်ရဲ့ ဖခင် ဆုံးပါးသွားခဲ့သည့်အတွက် ကျန်ရစ်သူ မထက်တို့ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲ ရပါတယ်။ အန်ကယ်လ် ကောင်းရာဘုံဘဝကို ရောက်ပါစေ” ဆိုပြီးတော့လည်း ထက်ထက်ရဲ့ဖခင်အတွက် ဆုတောင်းပေးခဲ့ပါသေးတယ် ပရိသတ်ကြီးရေ..
ဒီနေ့မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ထက်ထက်ရဲ့ဖခင်ကြီး ဦးခင်မောင်ကြည်အသက်(၈၆) ရဲ့ နောက်ဆုံးခရီး မှတ်တမ်းတင်ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ထက်ထက်ရဲ့ ဖခင်ကြီလည်း ကောင်းရာမွန်ရာရောက်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။
Source – Wai Lu Kyaw
Rainbow- Cele Gabar