ထီးအချောင်း (၄၀၀)လှူဒါန်းပေးဖို့ ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ခိုင်နှင်းဝေကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေထက် ပရဟိတအလုပ်တွေကို ပိုမိုလုပ်ကိုင်နေတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ ကလေးသူငယ်စောင့်ရှောက်ရေး ဂေဟာလေးကိုလည်းဖွင့်လှစ်ထားပြီး ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေတဲ့ မအပြင် လိုအပ်တဲ့ နေရာတွေမှာလည်း လိုက်ခံလှူဒါန်းနေပါသေးတယ်။

Covid ကာလမှာလည်း တတ်နိုင်သလောက် အခြေခံလူတန်းစားတွေအတွက် အခြေခံစားသောက်ကုန်တွေကိုလှူဒါန်းနေပေးနေခဲ့ပြီး မကြာခင်အချိန်ကလည်း မိုးတွင်းကာလအတွက် မိုးတွင်းစီးဖိနပ်တွေကိုဝယ်ယူပြီး လှူဒါန်းပေးခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက မိုးတွင်းအတွက် ထီးတွေဝယ်လှူသွားဖို့ စီစဉ်နေတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ ခိုင်းနှင်းဝေက လာမယ့် ဇွန်လ (၂၉)ရက်နေ့မှာ ထီးအချောင်း (၄၀၀)တိတိကို လှူဒါန်းပေးသွားပဲဖြစ်ပါတယ်။

ထီးလှူဒါန်းမှုမှာ ပါဝင်ကုသိုလ်ယူလှူဒါန်းချင်တဲ့သူတွေအနေနဲ့လည်း 092033826 ကို ဆက်သွယ်လှူဒါန်းလို့ရပါတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ ထီးလှူရတဲ့ အကျိုးကြောင့် မိမိမှာ အကာအကွယ်ရတတ်သလို သူများကို အရိပ်ပေး ၍ မိမိလဲ အရိပ်ကောင်းကောင်းနဲ့ဘဝလမ်းခရီးဖြောင့်ဖြူးနိုင်တာမို့ ပါဝင်လှူဒါန်းနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Khine Hnin Wai

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x