အကယ်ဒမီ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ဖခင် ကွယ်လွန်

Posted on

ကြော်ငြာဘုရင်မလို့ ပရိသတ်တွေတင်စားခဲ့ရတဲ့ နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ ဖခင်ဟာ ယနေ့မှာကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ် ။ မကြာသေးမီက ကိုယ်တိုင်မကျန်းမာတဲ့ကြားက ကျန်းမာရေးအခြေနေဆိုးရွားလာလို့ ဆေးရုံတက်ပြီးဆေးကုသမှုကို ခံယူနေရတဲ့ဖခင်ဖြစ်သူကို သွားရောက်ပြုစုနေရကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ် ။

ထက်ထက်ရဲ့ ဖခင် အတွက် ပရိသတ်တွေနဲ့ထပ်တူ အနုပညာအသိုင်းအဝိုင်းကလည်း အားလုံး ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားကြတာကိုလည်းတွေ့ရပါတယ် ။ထက်ထက် ဖခင်ရဲ့ နာရေးကို နာရေးကူညီမှုအသင်းနဲ့အတူ ပရဟိတမင်းသားကြီး ဝေဠုကျော်တို့ကိုယ်တိုင် သွားရောက်ကူညီလုပ်ဆောင်ခဲ့ပေးကြတယ်လို့လည်း သိရှိရပါတယ် ။

ထက်ထက်ရဲ့ဖခင်ဖြစ်သူ ဦးခင်မောင်ကြည်ဟာ အသက် (၈၆) နှစ်မှာဘဝတပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း ထက်ထက်နဲ့အတူ ဝမ်းနည်းကြေကွဲကြရပါတယ် ။ ထက်ထက် ဖခင်တစ်ယောက် ကောင်းရာမွန်ရာမှာ အေးချမ်းစွာအနားယူနိုင်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Htet Htet Moe Oo
Emily (Cele Gabar)