သက်ငယ်မဒိန်း ကျူးလွန်ခံခဲ့ရတဲ့ ကလေး(၂)ယောက်ကိုအလှူငွေ (၁၀)သိန်းထောက်ပံ့ခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေအတွက် ကိုယ်ကျိုးမကြည့်ဘဲ လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ ပရဟိတမင်းသမီးတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ် ။ ခုလည်း ပရိသတ်တွေကြည်နူးသွားစေမယ့် မွန်မြတ်တဲ့အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါပြီ။

တွံတေး မြို့နယ်မှ သက်ငယ်မုဒိမ်း ကျူးလွန်ခံခဲ့ရတဲ့ ကလေး ၂ ယောက် ကို ဆေးကုသဖို့အတွက် အလှူငွေ တစ်ယောက်ကို(၅)သိန်း နှစ်ယောက်အတွက် အလှူငွေ (၁၀) သိန်းလှူတန်းခဲ့ပါတယ်။ သမီးလေးတွေအတွက် စားစရာမုန့်တွေ ယူသွားပေးပြီး စိတ်အားမငယ်ဖို့ နဲ့ ကလေးမိဘများကိုလဲ အားပေးနှစ်သိမ့် ပေးဖို့အတွက် တွံတေးမြို့က ကလေးတွေနေတဲ့ ရွာကနေအိမ်အထိ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေ က သူမမှာလဲ သားသမီးတွေရှိတဲ့အတွက် ဒီလိုမျိုးကလေးတွေရဲ့ အကြောင်းတွေကြားရရင် စိတ်ထိခိုက်ရကြောင်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တဆင့်ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီလိုအကြောင်းတွေကြားရတဲ့အခါတိုင်း မခံစားနိုင်တဲ့ အတွက်ကြောင့် ရပ်တန့်ကြပါတော့… ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်မကျင့်ကြပါနဲ့တော့လို့လည်း သူမက မေတ္တာရပ်ခံထားပါသေးတယ်။ ခုလို ငယ်ငယ်ရွယ်ရွယ်ဆိုးရွားတဲ့အဖြစ်ပျက်တွေကို ကြုံတွေ့ခဲ့ရတဲ့ ကလေးငယ်လေးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ပေးခဲ့တဲ့အတွက် ပရိသတ်တွေကလည်း ကြည်နူး ဝမ်းမြောက်စွာသာဓုခေါ်ဆိုနေကြတာကိုတွေ့မြင်ရပါတယ် ။

Source : Khine Hnin Wai,Emily (cele Gabar)