ကတုံးကေဖြစ်နေပေမဲ့ ယုံကြည်ချက်အပြည့်နဲ့လှနေတဲ့ အဆိုတော်မိစန္ဒီ

Posted on

ပရိသတ်ချစ်တဲ့မိစန္ဒီကတော့ အချစ်သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို ဖမ်းစားနိုင်တဲ့သူတစ်ယောက်ပါ။ ဘာသာရေးကိုင်းရှိုင်းတဲ့ မိစန္ဒီကတော့ မကြာသေးခင်က မယ်သီလရှင်အဖြစ်နဲ့ သာသနာ့ဘောင်ဝင်ခဲ့ပါသေးတယ်။ မယ်သီလရှင်အဖြစ် ပထမဆုံးအကြိမ်ဝင်ရောက်တာဖြစ်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။


မိစန္ဒီကတော့ အမြဲလိုလိုအမိုက်စားတွေဝတ်ဆင်တတ်တဲ့သူတစ်ယောက်ဆိုတာ ပရိသတ်တွေသိကြမှာပါ။ အမြဲလိုလိုမိမိုက်နေတဲ့ မိစန္ဒီကတော့ ကတုံးကေနဲ့လည်း ယုံကြည်မှုရှိရှိလှနေတဲ့သူတစ်ယောက်ဆိုတာကို ပြလိုက်ပါပြီ။ မိစန္ဒီကတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “No hair.. don’t care အဟီး” ဆိုပြီးတော့ အမိုက်စားပုံလေးနဲ့အတူ ပရိသတ်တွေကိုမျှဝေထားပါတယ်။


ပရိသတ်တွေကတော့ ယုံကြည်မှုရှိရှိလှနေတဲ့မိစန္ဒီရဲ့ပုံရိပ်တွေကို သဘောကျနေကြတာလည်း ဖြစ်ပါတယ်။ မိစန္ဒီကတော့ ပရိသတ်တွေကို အမြင်ဆန်းစေကာ ကတုံးကေနဲ့လန်းနေခဲ့ပါပြီ။
Source : MiSandi