အနောက်တိုင်းဝတ်စုံလေးတွေနဲ့ ရှမ်းပြည်မှာရိုက်ကူးထားတဲ့ Pre Wedding ပုံရိပ်တွေကိုမျှဝေလာတဲ့ အိမ့်ချစ်

Posted on

အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူလိုပဲ အနုပညာအရည်အချင်းအပြည့်ရှိတဲ့အပြင် ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတာပါ။ အိမ့်ချစ်တို့စုံတွဲကတော့ ပူပူနွေးနွေးလက်ထပ်ထားတဲ့ စုံတွဲလေးဖြစ်ပြီးတော့ ပရိသတ်တွေကိုအားကျရအောင် Pre Wedding ပုံလေးတွေကို မကြာခဏမျှဝေပေးနေတယ်လို့ ဆိုရတော့မှာပါ။ အခုလည်း ပရိသတ်တွေကတော့ စိတ်ကူးယဉ်ဆန်တဲ့ပုံလေးတွေကို သဘောကျနေကြပါပြီ။


အိမ့်ချစ်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကလော Heritage Hotel လေးမှာပေါ့ နိုင်ငံခြားမှာမှလှတဲ့နေရာတွေရှိတာမဟုတ်ပါဘူးလို့ ..ကိုယ့်ရဲ့ PreWedding အတွေ့အကြုံအရတော့ အနောက်တိုင်း ဝတ်စုံလေးတွေနဲ့Outdoor ရိုက်မယ်ဆိုရှမ်းပြည်ဖက်က မြင်ကွင်းလေးတွေကပိုပြီးလိုက်ဖက်လိမ့်မယ်လို့ထင်တယ်” ဆိုပြီးတော့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ပုံလေးတွေကို မျှဝေလာတာပါ။ သဘာဝရှုခင်းတွေလှပြီးသားဖြစ်တဲ့ရှမ်းပြည်နယ်မှာရိုက်ကူးထားတဲ့ အိမ့်ချစ်တို့စုံတွဲရဲ့ပုံရိပ်လေးတွေကတော့ တကယ့်ကိုကြည်နူးစရာပါပဲ။


အိမ့်ချစ်ကတော့ ပရိသတ်တွေကို လက်ထပ်တော့မယ့်အချိန်မှစပြီးအသိပေးခဲ့တာဖြစ်ပြီး အခုဆိုရင် အလှူတွေအတူတူလုပ်နေကြတဲ့ လိုက်ဖက်တဲ့စုံတွဲလေးအဖြစ်ပရိသတ်တွေကလည်း အသိအမှတ်ပြုနေကြပါပြီ။ အိမ့်ချစ်တို့ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…


Source : EintChit