ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေသလို လေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူကတော့ လိုအပ်တဲ့နေရာမှာမကြာခဏဆိုသလို လှူလေ့ရှိတဲ့ သဒ္ဓါတရားထက်သန်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
မျိုးမင်းစိုးကတော့ ကာလဒါနလေးပြုဖြစ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေပေးလာပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့မနက်စစ်ကိုင်းရတနာထွဋ်ခေါင်ကျောင်းတိုက်မှာ မအေးသောင်းရယ်သူငယ်ချင်းတွေရယ်စုပြီး ကာလဒါနဝါဆိုသင်္ဃန်းနဲ့ဝတ္ထူငွေများဆရာတော်ထံဆက်ကပ်လှူဒါန်းဖြစ်ပါတယ်။ နတ်လူသာဓုခေါ်ပါစေသော်” ဆိုပြီးတော့ အလှူပြုလုပ်နေတဲ့ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။
ဒီတစ်ခေါက်အလှူလေးကတော့ မအေးသောင်းအပါအဝင်သူငယ်ချင်းတွေပါဝင်တာဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ရဲ့အလှူလေးအတွက် သာဓုခေါ်ခဲ့ကြပါတယ်။ ဘွဲ့တံဆိပ်တွေရရှိထားတဲ့ မျိုးမင်းစိုးကတော့ ပရဟိတစိတ်ဓာတ်လည်းရှိသလို အလှူအတန်းရက်ရောတာက တကယ့်ကို လေးစားစရာအချက်တစ်ချက်ပါပဲနော်…
Source : MyoMinSoe