မိမိနှင့်အလုပ်တွဲလုပ်ချင်သူတွေကို သတင်းကောင်းပြောပြလာတဲ့ စမိုင်းလ်

Posted on

မိန်းကလေးတိုင်းအားကျနေရတဲ့ ဘဝပိုင်ရှင်စမိုင်းလ်ကတော့ လိုလေသေးမရှိဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းသည်အပြင် လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ယောက်နဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါ။ အလှူဒါနအမြဲမပြတ်လုပ်လေ့ရှိသလို မိတ်ဆွေအပေါင်းအသင်းနဲ့ပရိသတ်တွေကိုပါ ကုသိုလ်ရေးအတွက် လမ်းပြပေးနေသူတစ်ယောက်ပါ။

လတ်တလောမှာတော့ စမိုင်းလ်တစ်ယောက် ပြင်ဦးလွင်မြို့မှာ ဟိုတယ်တစ်ခုဖွင့်ဖို့စီစဉ်နေပြီး လူမှုကွန်ရက်ပေါ်က အလုပ်လိုချင်နေတဲ့ ပရိသတ်အချို့အတွက် ပြုံးနိုင်မှ လျှောက်ပါရန် ဆိုတဲ့စာသားလေးနဲ့အတူ အလုပ်ခေါ်စာလေးကို မျှဝေပေးခဲ့ပါတယ်။ လူတွေကို ဝန်ဆောင်မှုပေးရတဲ့အလုပ်မျိုးမို့ ပြုံးနိုင်သူတွေသာ လာလျှောက်ကြဖို့ စမိုင်းလ်ကတော့ အဓိကရေးသားခဲ့ပါတယ်။

ကိုယ်စိတ်ကြိုက်ဖန်တီးထားတဲ့ဟိုတယ်လေးကို အပြုံးပန်းတွေဝေဆာနေမယ့် ဝန်ထမ်းတွေနဲ့ ဝန်ဆောင်မှုပေးလိုတဲ့စမိုင်းလ်ကတော့ ပြုံးနိုင်မှလျှောက်ကြပါတဲ့နော်။ ပြင်ဦးလွင်မှာဖွင့်မယ်ဟိုတယ်လေးမို့ပြင်ဦးလွင်က လူတွေကိုတော့ အဓိကဦးစားပေးသွားမှာဖြစ်ပြီး အခြားနယ်မြို့ကလူတွေအတွက်လည်း ဝန်ထမ်းအိမ်ရာနဲ့ နေစားငြိမ်းစီစဉ်ပေးထားပါတယ်တဲ့ ပရိသတ်ကြီးရေ… စမိုင်းလ်ရဲ့ဟိုတယ်လေးမှာ အလုပ်လျှောက်ချင်တဲ့သူတွေအတွက် အလုပ်ခေါ်စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Smile စမိုင်းလ်
Rainbow- Cele Gabar