ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့တဲ့သီချင်းလေးကို Cover သီဆိုပြီးမျှဝေပေးခဲ့တဲ့ မြတ်ရတနာကျော်

Posted on

ချောမောလှပတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့မြတ်ရတနာကျော်ကတော့ အဆိုတော် Ah Boy နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ မိသားစုကိုပဲအချိန်ပေးပြီး အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တောပေမယ့် Our Travel Diaries ပေ့ချ်လေးကနေတဆင့် ခရီးသွားရင်းရရှိတဲ့အတွေ့အကြုံလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ သီချင်းသိပ်ဆိုလေ့မရှိတဲ့ မြတ်တစ်ယောက် Cover ပြန်လည်သီဆိုထားတဲ့သီချင်းလေးကို မျှဝေပေးလာပါတယ်။ ” ငယ်စဉ် ကလေးဘဝ တုန်း က အရမ်းကြိုက်ခဲ့ရတဲ့ မချောစုခင်ရဲ့ “အမှတ်တရ လမ်းကလေး” သီချင်းကို cover song လေး ပြန်ဆိုထားပါတယ်…. အမှားတွေ ပါသွားခဲ့ရင် မြတ်အသံကြောင့် အနှောက်အယှက် ဖြစ်သွားရင် လည်း တောင်းပန်ပါတယ်နော်” ဆိုပြီး သူ Cover သီဆိုပြီး သရုပ်ဆောင်ထားတဲ့ သီချင်းဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

ချောစုခင်ရဲ့ “အမှတ်တရလမ်းကလေး” သီချင်းကိုတော့ ပရိသတ်တွေတော်တော်များများလည်း နှစ်သက်ခဲ့ဖူးကြမှာပါနော်။ မြတ်ရတနာကျော်ကိုယ်တိုင်လည်း သူငယ်ငယ်ကကြိုက်ခဲ့တဲ့သီချင်းလေးမို့ အဆိုတော်တစ်ယောက်မဟုတ်ပေမယ့် အကောင်းဆုံးကြိုးစားသီဆိုထားသလို သီချင်းလေးနဲ့လိုက်ဖက်အောင် လွမ်းလွမ်းဆွေးဆွေးလေး သရုပ်ဆောင်ထားတာကတော့ ပရိသတ်ကြီးကိုလည်း ငယ်ဘဝက သီချင်းလေးကို ပြန်ခံစားမိစေမှာအမှန်ပါပဲမို့ မျှဝေပေးလိုက်ပါတယ်နော်။

Source – Myat Yadanar Kyaw
Rainbow- Cele Gabar