ကိုဗစ်ကပ်ရောဂါကို မပေါ့ကြဖို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ မိုးဟေကို

Posted on

လွန်ခဲ့တဲ့ (၂၀၁၉) ဒီဇင်ဘာလလောက်က ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ရောဂါပိုးကတော့ အခု(၂၀၂၀) နှစ်ဝက်ကျော်လာတဲ့အထိ ပျောက်ပျက်မသွားဘဲ ကူးစက်မှုတွေမြင့်တက်နေဆဲပါ။ စတင်ဖြစ်ပွားတဲ့အချိန်တုန်းကတော့ တစ်ကမ္ဘာလုံး အသံတွေတိတ်ဆိတ်သွားတဲ့အထိ Lock Down တွေချကာ ကန့်သတ်ခဲ့ပေမယ့် အခုဆိုရင်တော့ အရင်လိုပဲ ပြန်လည်သွားလာလှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။

အခုချိန်ထိ ရောဂါကူးစက်မှာဆိုးလို့ သတိကြီးကြီးထားနေကြသူတွေရှိနေသေးသလို အမှုမဲ့အမှတ်မဲ့နေသူတွေလည်း များလာကြပြီဆိုရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ ဒုတိယလှိုင်းအနေနဲ့ ကူးစက်မှုနှုန်း တစ်ဟုန်ထိုးတက်လာနိုင်တာမို့ ပြည်သူတွေကို မပေါ့ကြဖို့ သက်ဆိုင်ရာကလည်း နှိုးဆော်နေသလို မင်းသမီးချော မိုးဟေကိုကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ သတိပေးစကား ပြောကြားခဲ့ပါတယ်။

” အခု မိုးအပြင်ထွက်ရင် Mask မတပ်ကြတော့တာတွေမြင်လာရတယ်။ မိုးကတော့ Covid အတွက် မပေါ့ကြစေချင်ဘူး။ အရမ်းကြီး စိတ်ပူလွန်းစရာလည်းမလိုသလို၊အရမ်းကြီး စိတ်လွတ်လက်လွတ်ဖြစ်နေမှာလည်းစိုးရိမ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကူးစပ်မှုက မရပ်သေးသလို ကျောင်းတွေလည်းပြန်ဖွင့်နေပြီ ဆိုတော့လေ။ ကမ္ဘာအနှံ့မှာက ဆက်လက်ပြန့်ပွားနေတုန်းပဲ။ Covid ဒုတိယလှိုင်းကလည်း မြန်မာနိုင်ငံမှာဖြစ်ဖို့အလွန်နည်းပါးတယ်ဆိုနေပေမယ့် အားလုံးပဲ Mask လေးတွေတပ်ပြီးမှ အပြင်ထွက်ကြပါ။ လက်ကိုလည်း ခဏခဏဆေးကြပါနော်” ဆိုပြီး အရမ်းကြီးစိတ်လွတ်လက်လွတ်မနေဘဲနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ကြဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားသတိပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…


Source -Moe Hay Ko
Rainbow- Cele Gabar