ရည်းစားလိုချင်တယ် ရိုက်ကွင်းနောက်ကွယ်က အမှတ်တရတွေကို ပရိသတ်တွေကိုချပြလိုက်တဲ့ သဇင်ထူးမြင့်

သဲလို့ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ သဇင်ထူးမြင့်ကတော့ နာမည်ကျော်ဟာသ သရုပ်ဆောင် ဦးခင်လှိုင်ရဲ့သ မီးအငယ်ဆုံးလေးဖြစ်ပြီး ဖခင်ခြေရာကိုနင်းကာ အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီပဲဖြစ်ပါတယ် ။ သူငယ်ချင်းအမွှာနှစ်ယောက်နဲ့အတူ ဇာတ်လမ်းတိုလေးတွေလည်း ရိုက်ကူးနေသလို သူမရဲ့ Official page ကနေတဆင့် Vlog လေးတွေကိုလည်း ပရိသတ်တွေကိုတင်ဆက်ပေးနေတာပါ ။

မကြာသေးမီက ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ ရည်းစားလိုချင်တယ် ဆိုတဲ့ music video လေးမှာလည်း ဖေဖေဦးခင်လှိုင်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။ ဒီနေ့မှာတော့ သဲက ရည်းစားလိုချင်တယ် ရိုက်ကွင်းနောက်ကွယ်က အလွဲလေးတွေနဲ့ ပျော်စရာလေးတွေကို vlog လေးအဖြစ် ပရိသတ်တွေကို ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။ ဒီသီချင်းကို မူရင်းသီချင်းလောက်မကြိုက်ပေမယ့် သဲလေး သရုပ်ဆောင်ထားတာကိုချစ်လို့ဆိုပြီး မှတ်ချက်ပေးကာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေအများအပြား ပါပဲ ။

သဲကို ချစ်ကြတဲ့ချစ်ပရိသတ်တွေကတော့ နောက်လည်း ဒီလို Vlog လေးတွေ များများတင်ပေးဖို့အတွက် တောင်းဆိုနေကြတာလည်းတွေ့ရပါတယ် ။ ဖေဖေ ဦးခင်လှိုင်နဲ့အတူ ရိုက်ကူးပြီး အလွဲလေးတွေ အမှတ်တရလေးတွေကို ကြည့်ရင်း ကြည်နူးပြုံးပျော်ကြမယ်လို့ထင်ပါတယ် နော် ။ သဇင်ထူးမြင့်ကိုချစ်တဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း သဲရဲ့ vlog လေးကို အခုပဲ မျှဝေပေးလိုက်ပါပြီနော် ။

https://www.facebook.com/permalink.php?story_fbid=822721871894623&id=100024704536705

Source : Thazin Htoo Myint
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x