အရင်ကထက်ပိုမိုက်တဲ့ အမိုက်စားတက်တူးတွေထပ်ထိုးလိုက်တဲ့ ရေမွန်

Posted on

Rock Music ကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အားလုံးသိကြတဲ့ Idiot အဖွဲ့ဝင်ရေမွန် ကတော့ အမိုက်စား သီချင်းတွေကိုဖန်တီးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ခန့်ညားတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး ပရိသတ်တွေရော ယောက်ျားလေး ပရိသတ်တွေရော အားပေးဝန်းရံခြင်းခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ လူငယ်ပီပီ အမိုက်စားတက်တူးတွေနဲ့ ခပ်လန်းလန်းနေတတ်တဲ့ ရေမွန်ကတော့ လက်ရှိမှာ တက်တူးအသစ်တွေနဲ့ထပ်မံထိုးလိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ ..။

တစ်ကိုယ်လုံးမှာ တက်တူးတွေအများကြီး ထိုးထားပြီး ဘဝရဲ့အမှတ်တရတွေလည်း ပါဝင်နေပါသေးတယ် ။ ထိုးထားတဲ့ တက်တူးတွေကိုကြည့်လိုက်တာနဲ့ ဒီလူက ဘာကိုကြိုက်လည်း ဘယ်လို ပုံစံမျိုးလဲဆိုတာကိုသိနိုင်တာကလည်း တက်တူးထိုးတာကိုကြိုက်တဲ့အချက်တစ်ချက်ပဲလို့ ရေမွန်ကပြောပြခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ သူ့ရဲ့ အမိုက်စားတက်တူးအသစ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးထားတာတွေ့ရပါတယ် ။

စိတ်ဒဏ်ရာရရင်တက်တူးတွေထိုးပြီး ဖြေသိမ့်မယ်ဆိုတဲ့ ရေမွန်တစ်ယောက် နောက်ထပ်တက်တူး အသစ်တွေက စိတ်ဒဏ်ရာတွေ ကို ဖြေဖျောက်ဖို့လားလို့ ပရိသတ်တွေအတွက်မေးခွန်းထုတ်စရာဖြစ်နေပါတယ် ။ ရေမွန်ရဲ့ချစ်ပရိသတ်ကြီးအတွက် တက်တူးအသစ်တွေနဲ့အရမ်းကိုမိုက်နေတဲ့ ရေမွန်ရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Ramond
Emily (CeleGabar)