လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟာသ ဗီဒီယိုလေးတွေရိုက်ကူးရင်း ပရိသတ်အခိုင်အမာ ရရှိလာတဲ့ နေဆန်းကို ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ်နော် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ နေဆန်းကတော့ ကြော်ငြာတွေကိုဆက်တိုက်ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ နေဆန်းက သူ့ရဲ့ရရှိလာတဲ့အနုပညာကြေးလေးတွေနဲ့မိဘကိုသိတတ်ပြီး အလုပ်အကျွေးပြုနေသူတစ်ယောက်လည်းဖြစ်ပါတယ် ။


မကြာခဏ ဆိုသလို သူရရှိတဲ့အနုပညာကြေးလေးတွေနဲ့ အလှူအတန်းတွေပြုလုပ်တတ်တဲ့ နေဆန်း တစ်ယောက် ဒီတစ်ခါမှာတော့ ကြည်နူး ပီတိဖြစ်စရာအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။မျက်စိကုသဖို့ အခက်အခဲဖြစ်နေတဲ့ အန်တီအတွက် ခွဲစိတ်ဖို့ စရိတ်ကို တာဝန်ယူပေးလိုက်ပီ ဆိုတဲ့စာသားလေးနဲ့အတူ မျက်စိခွဲစိတ်ဖို့အတွက် အလှူငွေလှူဒါန်းခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

နေဆန်းရဲ့ ပရိသတ်တွေကတော့ ခုလို မွန်မြတ်တဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုနေကြပြီး နေဆန်းရဲ့ စိတ်ဓာတ်လေးကိုလေးစားကြောင်းမှတ်ချက်လေးတွေရေးသားထားတာတွေ့ရပါတယ် ။ နေဆန်းတစ်ယောက် အခုလို လိုအပ်နေတဲ့နေရာတွေမှာလှူဒါန်းခဲ့သလို နောက်လည်း ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။
Source : Nay Sann
Emily (Cele Gabar)