စင်ပေါ်မတက်တာကြာတော့ သီချင်းဆိုတာ ဒူးတွေတုန်ကြောက်ခဲ့ရတယ်ဆိုတဲ့ Ah Boy

Posted on

Ah Boy ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိထားသူဖြစ်ပြီး နှစ်အနည်းငယ်လောက် ဂီတအလုပ်တွေရပ်နားကာ မိသားစုစီးပွားရေးပဲ အဓိကလုပ်ကိုင်နေသူပါ။ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်သူ မြတ်ရတနာကျော်နဲ့ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို တည်ဆောက်ထားပြီး Our Travel Diaries Page လေးကနေတဆင့် ခရီးသွားရင်းဗဟုသုတရစရာအကြောင်းအရာလေးတွေကို မျှဝေလျက်ရှိပါတယ်။

သီချင်းတွေမလုပ်ဖြစ်တာကြာပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက ချမ်းမြေ့မောင်ချိုနဲ့အတူ သီချင်းအသစ်လေးတစ်ပုဒ်အတူတူ လုပ်ဖြစ်ကြပြီး ဒီ “အငွေ့အသက်များ” ဆိုတဲ့သီချင်းလေးကတော့ ပရိသတ်ကြားမှာရေပန်းစားခဲ့ပြီး JOOX မှာ ငါးပတ်ဆက်တိုက် နံပါတ်(၁) ရရှိခဲ့ပါတယ် ပရိသတ်ကြီးရေ… ပထမဆုံးပြန်စလုပ်တဲ့ သီချင်းလေးနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ Ah Boy ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ Samsung Note Series Launching Live Event ပွဲမှာ စင်ပေါ်တက်ပြီး ဒီသီချင်းလေးကို ဆိုခဲ့တဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ သူ့အတွေ့အကြုံလေးကို ပြန်လည်မျှဝေခဲ့ပါတယ်။

” (၁၀) နှစ်နီးပါး Stage စင်နဲ့ဝေးကွာနေသော ကျနော်နှင့်… စင်ပေါ်ရောက်လို့ သီဆိုချိန် အသံတွေတုန်ပြီး ဒူးတွေပါတုန်အောင်ကြောက်ခဲ့ရသော ညတစ်ည” ဆိုပြီး ပထမဆုံးစင်ပေါ်မှာ သီချင်းပြန်ဆိုခဲ့တဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ အဆိုတော်တစ်ယောက်ပေမယ့် (၁၀) နှစ်အကြာမှ ပထမဆုံးစင်ပေါ်ပြန်တက်ရတော့ အသံတွေတောင်တုန်ပြီး ကြောက်ခဲ့ရတယ်ဆိုတဲ့ Ah Boy ကတော့ သီချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် နောက်ထပ်အသစ်တစ်ပုဒ် ဖန်တီးနေပြီမို့ စောင့်မျှော်အားပေးကြပါဦးနော်။


Source – Kyaw Phyo Tun
Rainbow- Cele Gabar