မိခင်ဖြစ်သူကို ရရှိခဲ့တဲ့ဆုတံဆိပ်တွေနဲ့ကန်တော့ခဲ့တဲ့ ချမ်းမြေ့မောင်ချို

ချမ်းမြေ့မောင်ချိုကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ချိန်ကတည်းက ပရိသတ်တွေရဲ့အချစ်တွေများစွာရရှိထားတာပါ။ ပြိုင်ပွဲမှာဆုရရှိပြီးနောက် သီချင်းတွေဖန်တီးသီဆိုရင်း အနုပညာအလုပ်တွေတောက်လျှောက်လုပ်လာဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်နေပါပြီ။


ချမ်းမြေ့မောင်ချိုကတော့ Solo အယ်လ်ဘမ်ထွက်ရှိထားသလို Ah Boy နဲ့အတူသီဆိုထားပြီး မကြာသေးခင်ကထွက်ရှိထားတဲ့ “အငွေ့အသက်များ” သီချင်းကလည်း အတော်လေးရေပန်းစားခဲ့ပါတယ်။ သူကတော့ ဂီတနဲ့ပတ်သက်ပြီး JOOX ကပေးတဲ့ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားပါပြီ။ ဆုတံဆိပ်တွေကိုတော့ မိခင်ဖြစ်သူကိုပြန်ပြီးတော့ ကန်တော့နိုင်တာကို ဝမ်းသာပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။


အဲ့ဒီအကြောင်းကိုတော့ “မိုင်းစတုန်းတွေပေးတဲ့ဆုနဲ့ မေကြီးကို ကန်တော့နိုင်ပြီ ..Thank you so much! JOOX Myanmar” ဆိုပြီးတော့ ရေးသားကာ ပရိသတ်တွေကို မျှဝေခဲ့ပါသေးတယ်။ သမီးအလိမ္မာလေးကြောင့် ချမ်းမြေ့မောင်ချိုရဲ့မေမေကတော့ ကြည်နူးနေမှာအသေအချာပါပဲ။
Source : ChanMyaeMgCho

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x