ဒီနေ့မှာ မွေးနေ့ရက်မြတ်ကျရောက်ခဲ့ပြီဖြစ်တဲ့ ပရိသတ်အချစ်တော်မိုရီဆာကီဝင်း

Posted on

မဒီလေးတွေဝန်းရံကြတဲ့မင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မိုရီဆာကီဝင်းကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဂျပန်နိုင်ငံမှာနေပြီး အနုပညာအလုပ်တွေလုပ်နေသလို မြန်မာနိုင်ငံမှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်လျက်ရှိသူပါ။ ဂျပန်နိုင်ငံမှာပါအောင်မြင်နေတဲ့မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုများစွာရရှိထားတာပါ။

ဒီနေ့ကတော့ အဝင်းလို့ချစ်စနိုးခေါ်ကြတဲ့ မိုရီဆာကီဝင်းရဲ့အသက်(၃၀)ပြည့်မွေးနေ့လေးလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အဝင်းရဲ့မွေးနေ့လေးမှာ ဆုမွန်ကောင်းတွေတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။ အဝင်းကတော့ Star Awards ဆုပေးပွဲမှာ Special Award (Performance) ဆုကိုလည်း ရရှိထားသလို (၄၃)ကြိမ်မြောက်ဂျပန်နိုင်ငံရုပ်ရှင်ဆုပေးပွဲကြီးမှာလည်း မျက်နှာသစ်ဆု ရရှိထားပါသေးတယ်။


အဝင်းကတော့မကြာခဏဆိုသလို မြန်မာနိုင်ငံကိုပြန်လာပြီး အနုပညာအလုပ်တွေလုပ်လေ့ရှိပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ဂျပန်မြန်မာပွဲတော်မှာလည်း ဂျပန်အဆိုတော် Hirahara Ayaka နဲ့အတူ “တကယ်လို့” ဆိုတဲ့ သီချင်းကိုလည်း သီဆိုခဲ့ပြီး ပရိသတ်တွေကြိုက်နှစ်သက်မှုရရှိခဲ့ပါတယ်။ အဝင်းတစ်ယောက် အသက်(၃၀)နှစ်ပြည့်မွေးနေ့မှစပြီးသက်ဆုံးတိုင် အနုပညာလောကမှာ အောင်မြင်မှုများစွာရရှိပါစေ…
Source : Wiki