ပရိသတ်ရဲ့အချစ်တော်ချယ်ရီသင်းကတော့ သီချင်းဆိုရင်းရရှိလာတဲ့အနုပညာကြေးထဲက တချို့တဝက်ကို မကြာခဏဆိုသလို အလှူဒါနပြုလုပ်လေ့ရှိသူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်သူ အဘဦးတင်မြင့်ကို လှူဖို့အတွက် စိတ်ကူးထားခဲ့ပြီး မနက်ဖြန်တော့ သွားရောက်လှူဒါန်းပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။
အခုလို ကိုဗစ်ကာလမှာ အလုပ်တွေရပ်နားထားတာမို့ ဝင်ငွေမရှိတဲ့ချယ်ချယ်ကတော့ အဘကိုလှူပေးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက စီစဉ်နေခဲ့သူပါ။ ဒီနေ့မှာတော့ သူရဲ့လှူဒါန်းငွေ ငါးသောင်းအပါအဝင် မိတ်ဆွေအပေါင်းအသင်းတွေရဲ့စုပေါင်းထည့်ဝင်ငွေ စုစုပေါင်း (၅၄၅၅၀၀) ကျပ်ရရှိပြီမို့ မနက်ဖြန်သွားလှူပေးတော့မှာဖြစ်ကြောင်း ပရိသတ်ကြီးကို အသိပေးမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
ချယ်ချယ်ကတော့ အခုလို ရည်ရွယ်ထားတဲ့အလှူလေးအကောင်အထည်ဖော်နိုင်ဖို့ ပါဝင်လှူဒါန်းပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ပိုက်ဆံမရှိတဲ့ကြားက အဘအတွက် စိတ်အားထက်သန်စွာ လှူဒါန်းပေးဖို့စီစဉ်ခဲ့တဲ့ ချယ်ချယ်ကတော့ မနက်ဖြန်မှာ ရည်ရွယ်ထားတဲ့အလှူလေး အကောင်အထည်ဖော်နိုင်ပါပြီတဲ့ ပရိသတ်ကြီးရေ…
Source – Cherry Thin
Rainbow- Cele Gabar