အားပေးဝန်းရံတဲ့ ပရိသတ်တစ်သန်းပြည့်သွားခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ နော်ဖောအယ်ထား

Posted on

တက်သစ်စမင်းသမီးတွေထဲမှာချစ်စရာကောင်းပြီး ပရိသတ်တွေဝန်းရံအားပေးမှုများစွာရရှိထားတဲ့မင်းသမီးတွေထဲမှာတော့ နော်ဖောအယ်ထားတစ်ယောက်လည်း အပါအဝင်ပါ။ နော်ဖောကတော့ ပျော်ဆုံးနေသောအမှန်တရား ဇာတ်လမ်းတွဲထဲမှာပရိသတ်တွေသတိထားမိကြတဲ့မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။


အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကြောင့် နော်ဖောရဲ့ဖေ့ဘွတ်ခ်ပေ့ချ်ကတော့ Followerတစ်သန်းပြည့်သွားခဲ့ပါပြီ။ နော်ဖောကတော့သူ့ရဲ့ဖေ့ဘွတ်ခ်ပေ့ချ်လေးမှာ “နှိုးကြ ပြီလား Hee…. နော်ဖော Page လေး 1 M followers ရှိသွားပြီ… တဦးတယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့် I can’t go this far without you guyssss” ဆိုပြီးတော့ ကျေးဇူးတင်စကားပြောထားပါသေးတယ်။


နော်ဖောကတော့ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ကိုင်နေတာပါ။ မကြာသေးခင်ကထွက်ရှိထားတဲ့ ဘင်ဂျင်မင်ဆုမ်းရဲ့ “ဟိုဘက်အိမ်ကကောင်မလေး” သီချင်းထဲမှာပါဝင်ပြီး ပရိသတ်တွေကြားရေပန်းစားနေခဲ့ပါသေးတယ်။ နော်ဖောရဲ့ပရိသတ်တွေရှိလားနော်…
Source : NawPhawEhHtar