ကလောမြို့ အရိယာဝါသဓမ္မစင်တာမှာ ဆရာလေးမင်္ဂလဂဝေသီဘဝနဲ့ (၁၁) ရက်ကြာ တရားအားထုတ်ခဲ့တဲ့ ပန်းဖြူ

Posted on

တချိန်တုန်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ပန်းဖြူကတော့ အခုဆိုရင် အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့သူမို့ အားပေးချစ်ခင်သူပရိသတ်တွေကတော့ ယနေ့ထက်တိုင်ရှိနေဆဲဖြစ်ပြီး ပန်းဖြူကတော့ ချစ်ခင်ရတဲ့ပရိသတ်တွေအတွက် သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပေးလျက်ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ပရိသတ်ရဲ့အချစ်တော်ပန်းဖြူတစ်ယောက် ကလောမြို့ အရိယာဝါသဓမ္မစင်တာမှာ (၁၁)ရက်ကြာ ဆရာလေးဘဝနဲ့ ဝိပသနာတရားအားထုတ်ဖြစ်ခဲ့ကြောင်းကို မျှဝေလာပါတယ်။ ဆရာလေး မင်္ဂလဝဝေသီဘွဲ့နဲ့ တရားအားထုတ်စဉ်မှာ လိုလေသေးမရှိ ဆွမ်းကျောင်းပြည့်စုံစေသော၊ ရုပ်နာမ်တို့၏ အချိန်တိုင်း ဖြစ်ပျက် ပျက်စီးနေပုံကို သိရှိစေရန် ဝိပသနာဉာဏ်အလင်းပြပေးသော ၊ သီလ၊သမာဓိ၊ ပညာနှင့်ပြည့်စုံသော ဆရာတော်ကြီးများကို ဖူးမြှော်ခွင့်ရအောင် စီစဉ်ပေးသော ကျောင်းတိုက်မှ ဆရာလေးကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

ဒါ့အပြင် ဆရာလေးရဲ့လမ်းညွှန်ဆုံးမမှုအတိုင်း ငါစွဲတွေကို ဖြတ်နိုင်အောင် ကြိုးစားသွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပြီး သီလရှင်ဘဝနဲ့တရားအားထုတ်စဉ်က ပုံရိပ်လေးတချို့ကို မျှဝေပေးခဲ့တာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Pann Myat Phyu
Rainbow- Cele Gabar