အသံတိတ်ဗွီဒီယိုတစ်ခုနဲ့ ပရိသတ်ကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ Mary

Posted on

လူတော်တော်များများမှာ မတွေ့ရတဲ့ အဆွေးရိပ်သန်းတဲ့ကွဲရှရှ အသံကာလာကို ပိုင်ဆိုင်ထားသူကတော့ မေရီပါ။ မေရီကတော့ သီချင်းတွေကို သေချာအချိန်ယူပြင်ဆင်လေ့ရှိသလို ထွက်သမျှသီချင်းတိုင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့အထိ အောင်မြင်မှုရရှိနေသူဖြစ်ပါတယ်။

ဒီနေ့မှာတော့ မေရီတစ်ယောက် ပရိသတ်တွေစိတ်မကောင်းဖြစ်ရအောင် ဗွီဒီယိုလေးတစ်ခုတင်ခဲ့ပါတယ်။ ဆံပင်ရှည်တွေကို ကိုယ်တိုင်ကတ်ကြေးနဲ့ညှပ်နေတဲ့ အသံမပါတဲ့ဗွီဒီယိုလေးကို တင်ခဲ့ပြီး “အသံတိတ်ပဲ ဒါပေမယ့် နင်ငါ့ခံစားချက်တွေကို ကြားနိုင်မှာပါ” ဆိုတဲ့စာသားလေးကို မျှဝေခဲ့ပါတယ်။ ပရိသတ်တွေကတော့ မေရီတစ်ယောက် ဘယ်လောက်တောင်စိတ်ညစ်စရာရှိနေလို့ ဆံပင်တွေကိုယ်တိုင်ဖြတ်ပစ်ရတာလဲဆိုပြီး စိတ်မကောင်းစွာ မှတ်ချက်ပေးရေးသားခဲ့ပါတယ်။

မိန်းကလေးတော်တော်များများ စိတ်အရမ်းရှုပ်စရာရှိရင် ဆံပင်ကိုရန်ရှာတတ်ကြသလိုပဲ မေရီကလည်း ဘယ်လိုစိတ်ရှုပ်မှုမျိုးကြောင့် သူ့ရဲ့ဆံပင်တွေကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့သလဲဆိုတာတော့ စဉ်းစားစရာပါပဲ ပရိသတ်ကြီးရေ… (၁၅) စက္ကန့်စာ အသံတိတ်ဗွီဒီယိုလေးပေမယ့် မေရီရဲ့နာကျင်မှုတွေကို စိတ်မကောင်းစွာ ခံစားသိမြင်ရမှာပါ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ စိတ်ထိခိုက်ခံစားနေရတဲ့မေရီအတွက် အားပေးစကားပြောခဲ့ပါဦးနော်။

Source – Mary
Rainbow- Cele Gabar