ဘာသာစုံဂုဏ်ထူးနဲ့နိုင်ငံအဆင့်ပထမရရှိတဲ့သူရဲ့ ဂုဏ်ပြုအခမ်းအနားလေးကိုတက်ရောက်ခဲ့တဲ့ အက်စတာ

Posted on

မကြာသေးမီက တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေထွက်ရှိခဲ့ပြီး ထူးချွန်ထက်မြတ်တဲ့ ကလေးတွေအများကြီးနိုင်ငံအနှံ့အပြားမှာပေါ်ထွက်ခဲ့ပါတယ် ။ အနုပညာရှင်တွေကလည်း ပညာရေးထူးချွန်ပြီး ချို့တဲ့ တဲ့ကလေးတွေအတွက် ကူညီလှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ကြတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။

မြန်မာအိုင်ဒေါလ် ပြိုင်ပွဲ ရဲ့Winner တစ်ယောက်ဖြစ်တဲ့ အက်စတာကတော့ ဒီနေ့ ဝိဇ္ဇာဘာသာတွဲနဲ့ဘာသာစုံဂုဏ်ထူးနဲ့ နိုင်ငံအဆင့်ပထမဆုရရှိသူ မောင်လေး ဆလိုင်းဘိုထော် ရဲ့ ဂုဏ်ပြုအခမ်းနားလေးတက်ဖြစ်တဲ့အကြောင်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ မီးမရှိကျူရှင်မတက်ဘဲနဲ့ ခက်ခက်ခဲခဲကြိုးစားပီးရတဲ့အောင်မြင်မှုအတွက်ဂုဏ်ယူလျက်ပါ ဘုရားရှင်သာ၍ကောင်းကြီးပေးပါစေ ဆိုတဲ့စာသားလေးနဲ့အတူ ဘာသာစုံဂုဏ်ထူးရှင်မောင်လေးအတွက် ဆုမွန်ကောင်းတွေ လည်းတောင်းပေးထားပါသေးတယ် ။

ပရိသတ်တွေကလည်း မောင်လေး ဆလိုင်းဘိုထော်အတွက် ဂုဏ်ပြုစကားတွေအများကြီး ကြည်နူးဖွယ် မှတ်ချက်လေးတွေရေးသားထားကြပါသေးတယ် ။ ဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ မောင်လေး ဆလိုင်းဘိုထော်တစ်ယောက် ဒီထက်မက အောင်မြင်ပါစေလို့ ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Esther
Emily (Cele Gabar)