အသက် (၃၀) ပြည့်မွေးနေ့မှာ ပရိသတ်တွေကိုကတိတစ်ခုပေးခဲ့တဲ့ မိုရီဆာကီဝင်း

Posted on

ဒီကနေ့ သြဂုတ်(၂၀)ရက်နေ့ကတော့ ပရိသတ်တွေချစ်တဲ့ မိုရီဆာကီဝင်း ရဲ့ အသက် (၃၀)နှစ်ပြည့်မွေးနေ့လေးပါ။ အဝင်း ဆိုပြီး ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မိုရီဆာကီဝင်း ရဲ့ နာမည်အရင်းကတော့ ဝင်းကျော်ထူး ပါ။အသက် (၁၄)နှစ်မှာတော့ ဂျပန် အနုပညာ ဂီတ လောကထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခံခဲ့ရပြီး ဂျပန်နိုင်ငံပရိသတ်တွေရော မြန်မာနိုင်ငံက ပရိသတ်တွေပါချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။

အဝင်းက သူ့ရဲ့မွေးနေ့လေးမှာ ” ကျွန်တော် အသက် ၃၀ ပြည့်သွားပါပြီ ခင်ဗျ။ကျွန်တော့် မွေးနေ့မှာ ဆုတောင်းပေးတဲ့ ညီအကို ၊ညီအမများ ၊မိသားစု ၊ ကျွန်တော့်ကိုချစ်ပေးကြတဲ့ ကျွန်တော်လဲ အရမ်းချစ်တဲ့ fan တွေအားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျ ” ဆိုတဲ့စာသားလေးနဲ့အတူ မွေးနေ့ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုထားတာတွေ့ရပါတယ် ။

လက်ရှိမှာ ဂျပန်ပြည်မှာရောက်ရှိနေတာဖြစ်ပြီး သူ့ကို ပရိသတ်တွေ မမေ့သွားကြဖို့နဲ့ မြန်မာပြည်မှာ LIVE SHOW လုပ်လို့ရအောင်လဲ ကြိုးစားပါမယ် ဆိုတဲ့ ကတိလေးကိုလည်း ပရိသတ်တွေကိုပေးခဲ့ပါသေးတယ် ။ အဝင်းတစ်ယောက်မွေးနေ့မှာပျော်ရွှင်ပါစေလို့ ဆယ်လီကမ္ဘာက လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Mori Sarki Win
Emily (Cele Gabar)