မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့တဲ့ မိုးအောင်ရင်ရဲ့ အမိုက်စား ဘော်ဒီ

Posted on

ပရိသတ်ကြီးရေ မိန်းကလေးပရိသတ်တွေ ရဲ့ အသည်းကျော် မင်းသားချောလေး တစ်ယောက်ဖြစ်ခဲ့တဲ့ မိုးအောင်ရင်ကတော့ အသားရည်လှပြီး ချောမောတဲ့ မင်းသားတစ်ယောက်ဆိုတာကိုတော့ အားလုံးသိပြီးဖြစ်မှာပါ ။ အသားဖြူဖြူ ခပ်ပိန်ပိန်နဲ့ ချောတဲ့ မိုးအောင်ရင်တစ်ယောက် အခုတော့ ပရိသတ်တွေ လုံးဝမထင်မှတ်ထားတဲ့ပုံစံကိုပြောင်းလဲသွားခဲ့ပါပြီနော် ..။

မူးယစ်ဆေးဝါးမှုနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေ ဖြစ်စေချင်သလို စိတ်သစ်လူသစ်နဲ့ ဘဝသစ်တစ်ခုကို ကြိုးစားတည်ဆောက်နေတာပါ ။ လတ်တလောမှာတော့ မိမိ၏ စွမ်းဆောင်ရည် အကန့်အသတ်ကို မိမိကိုယ်တိုင် ကျော်ဖြတ်ပါ.. ဆိုတဲ့စာသားလေးနဲ့အတူ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားတဲ့ သူ့ရဲ့အမိုက်စား ဘော်ဒီ ကို ပရိသတ်တွေကိုချပြလာခဲ့ပါတယ် ။

အရင်က ပရိသတ်တွေသိတဲ့ ဖြူဖြူပိန်ပိန်မင်းသားချောလေးမဟုတ်တော့ဘဲ ကြွက်သားတွေ အများကြီးနဲ့ မိန်းကလေးတိုင်းသဘောကျတဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်လာခဲ့တာပဲဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ မိုးအောင်ရင်ရဲ့ ပြောင်းလဲသွားတဲ့ အမိုက်စားဘော်ဒီကို အရမ်းကိုသဘောတွေ့နေကြတာတွေ့ရပါတယ် ။

Source : Moe Aung Yin
Emily (Cele Gabar)