ပရိသတ်ကြီးရေ တခေတ်တစ်ခါက ကြော်ငြာ ဘုရင်တွေဖြစ်တဲ့ ဒွေးနဲ့ ထက်ထက်မိုးဦးတို့ရဲ့အတွဲညီမှုကတော့ ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါနော် ။ ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့အတူ ကြော်ငြာတွေအများကြီးအတူတူ တွဲဖက်ရိုက်ကူးခဲ့ကြတဲ့ ငွေကြယ်ပွင့်နှစ်ယောက်လို့ပြောရင်လည်းမမှားပါဘူးနော် ။
လတ်တလောမှာတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့အတူ ထက်ထက် တစ်ယောက် TVC တစ်ခု ထပ်မံရိုက်ကူးနေတယ်လို့သိရပါတယ် ။ ညီမ ငယ် ထက်ထက်ကို အိမ်မှာ TVC တွက် Recording လာလုပ်ပေးပါတယ်.. ပြီး တော့ရှိတာ လေးနဲ့ ထမင်းစားသွား ပါ တယ်.. အရင်တုန်းက ကြော် ငြာ တွေ များကြီးရိုက်ခဲ့တာသတိရ မိ တယ်.. ဆိုတဲ့စာသားလေးနဲ့အတူ ဒီနေ့ထက်ထက်နဲ့အတူ ထမင်းလက်စုံ စားရင်း အရင်ကအမှတ်တရတွေကို သတိရမိကြောင်း ဒါရိုက်တာဇင်ယော်မောင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ထက်ထက်နဲ့ အရင်က ကြော်ငြာရိုက်ခဲ့တဲ့ အမှတ်တရတွေပြန်ပြောရင်း ထက်ထက်နဲ့ အရမ်းကို တွဲဖက်ညီခဲ့တဲ့ ကိုသားကြီး ဒွေး ကိုလည်းသတိရ မိ တယ်.. လို့ရေးသားထားပါသေးတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော အတွဲညီခဲ့တဲ့ ကြော်ငြာ ကြယ်ပွင့်နှစ်ယောက်ကို သတိရကြရဲ့လားမှတ်ချက်ပေးခဲ့ပါဦးနော် ..။
Source : Zin yaw Maung Maung
Emily (Cele Gabar)