စိတ်တိုင်းကျ အလှူတွေလှူခွင့်ရတာကြောင့် ကျေနပ်ကြည်နူးနေတဲ့ ယွန်းယွန်း

Posted on

အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးယွန်းယွန်းကတော့ ပရိသတ်တွေအချစ်ကို ကလေးဘဝကတည်းကရရှိထားတာပါ။ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် အကယ်ဒမီဆုတွေရရှိထားတဲ့ ယွန်းယွန်းကတော့ အခုဆိုရင်မြန်မာဆန်ဆန်လှသွေးကြွယ်တဲ့မိန်းမလှလေး ဖြစ်နေပါပြီ။


ယွန်းယွန်းကတော့ အနုပညာအလုပ်တွေလုပ်နေသလို ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာနဲ့ကျောင်းတက်နေတဲ့ကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ လိမ္မာရေးခြားရှိတဲ့ယွန်းယွန်းကတော့ အသက်ကြီးတဲ့အဘိုးအဘွားတွေကို သွားရောက်အလှူဒါနပြုခဲ့ပါသေးတယ်။ အလှူဒါနပြုနေတဲ့ပုံရိပ်တွေနဲ့အတူ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “ကိုယ့်ဘဝကိုယ့်စိတ်ကြိုက် အလှူအတန်းတွေလုပ်ခွင့်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ…” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။


ယွန်းယွန်းကတော့ အဘိုးအဘွားတွေကို အလှူပြုခွင့်ရတာကို ကြည်နူးနေပုံပါ။ ပရိသတ်တွေကတော့ သူ့ရဲ့အလှူလေးကိုကြည်နူးပီတိဖြစ်နေကြပါသေးတယ်။ ယွန်းယွန်းတစ်ယောက် အနုပညာလောမှာလျှမ်းလျှမ်းတောက်အောင်မြင်ပြီး အခုထက်အဆပေါင်းများစွာ လှူနိုင်တန်းနိုင်ပါစေ…


Source : YoonYoon